Wednesday, October 16, 2013

ကံအကောင်းဆုံးလူ

ပထမလူ။ ။ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးက ဘယ်သူလဲ။ ဒုတိယလူ။ ။အာဒမ်ပေါ့ကွာ။ ပထမလူ။ ။ဘာကြောင့်လဲကွ။ ဒုတိယလူ။ ။သူ့မှာ ယောက္ခမတွေ မရှိဘူးလေကွာ။

ဟာသလေးထင်လို့ ရယ်ရလား

မောင်လှတစ်ယောက် ဗိုက်အရမ်းနာပြီးအန္တရာယ်ကိုမလွယ်နိုင်လို့ အများသုံးအိမ်သာထဲဝင်ပြီး ကိစ္စရှင်းနေချိန် ဘေးကပ်ရပ်အိမ်သာခန်းက အသံတစ်သံထွက်ပေါ်လာပါတယ်….. “ဟေ့လူ…. နေကောင်းလား….” မောင်လှလည်း အိမ်သာတက်နေချိန်မှာ မေးလာတဲ့မေးခွန်းကို မဖြေချင်ပေမယ့်လည်း ရှက်ရှက်နဲ့ပြန်ဖြေလိုက်ပါတယ်….. “ဟုတ်ကဲ့… ကောင်းပါတယ်….” တစ်ဖက်က နောက်ထပ်အသံထွက်ပေါ်လာပြန်တယ်… “ခင်ဗျား ဘာလုပ်နေတာလည်း….” ခပ်ကြောင်ကြောင်မေးခွန်းကြောင့် မောင်လှတစ်ယောက်လည်း ဘာပြောရမှန်းမသိဖြစ်ပြီး…… “ခင်ဗျားလိုဘဲ အန္တရာယ်မလွယ်နိုင်လို့ ရှင်းနေတာပေါ့ဗျာ……” မောင်လှလည်းပြန်ဖြေရင်း ကိစ္စမြန်မြန်ပြီးအောင်ကြိုးစားနေချိန် နောက်ထပ်မေးခွန်းတစ်ခု ကြားလိုက်ရပြန်ပါတယ်…… “ကျွန်တော်လာခဲ့ရမလား….” ရူးသွပ်တဲ့မေးခွန်းဖြစ်ပေမယ့် မောင်လှကတော့ စကားစဖြတ်ချင်လို့ ယဉ်ယဉ်ကျေးကျေးဘဲ ပြန်ဖြေလိုက်ပါတယ်…… “မလာ…. မလာပါနဲ့… ကျွန်တော်မအားလို့ပါ… ခင်ဗျားလည်းအားလိမ့်မယ်လို့မထင်ဘူး…… ” ဒီအချိန်မှာ တစ်ဖက်ခန်းကလူက စိတ်မရှည်တဲ့လေသံနဲ့…… “ဟေ့လူ….. ခင်ဗျားကိုကျွန်တော် ပြန်ခေါ်မယ်…. ဒီမှာ ဘေးအိမ်သာက ငကြောင်တစ်ကောင် ကျွန်တော်မေးသမျှကို လိုက်ဖြေနေတယ်…..” - - မိုဘိုင်းဖုန်းရဲ့ကောင်းမှု…….

ဒေါသမီးကြောင့် မကျွတ်လွတ်မဲ့ဘ၀က အိအိသို.(ဖြစ်ရပ်မှန်)

နေ.ခင်းကြောင်တောင်ကြီး လင်မယားစကားများ ရန်ဖြစ်သံတွေကြောင့် ရပ်ကွက်ထဲက လူတော်တော်များများ စိတ်ဝင်တစား ၀ိုင်းအုံကြည့်နေကြပါတယ်။ စိတ်ဝင်စားတာလဲ မပြောနဲ.လေ ။ တံခါးအလုံပိတ်ထားတဲ့ ထရံကာအိမ်လေးထဲက အသံတွေက ကြောက်ခမန်းလိလိ ။ ဘယ်လူတစ်ယောက်အော်လို.မှ ဂရုမစိုက် သူတို.နှစ်ယောက်ထဲပဲ ရှိနေသလို ထင်တိုင်းကြဲနေကြတာ။ အိမ်ေ၇ှ့ ၀ိုင်းအုံကြည်.ပြီး ( ကြည်.တယ်သာပြောတာပါ ၊မမြင်၇လို. ၀ိုင်းနားထောင်နေကြတာပါ) တိုးတိုး တိုးတိုး အချင်းချင်း ထင်၇ာမြင်ရာ ဝေဖန်နေကြပါတယ်။ ၀ုန်း........................ မကြာပါဘူး။ အိမ်ေ၇ှ့ တံခါးနှစ်ချက်ပွင့်သွားပြီး ကျော်ကျော်က" လုပ်ကြပါဦး။ကျွန်တော့မိန်းမ တက်သွားလို." ။ ဖြစ်မှဖြစ်ရလေ ။ နပန်းသတ်နေကြတုန်းကတော့ ခေါ်မကြား အော်မကြား။ ခုမှ မျက်လုံးပြူးမျက်ဆံပြူးနဲ. ။ မြန်မာလူမျိုးများ ထုံးစံအတိုင်း ပါးစပ်ကလဲ ဘယ်လိုဖြစ်လဲမေး။ အုပ်စုတအုပ်စုကလဲ အပြေးတက်သွားကြပါတယ်။ လဲကျနေတဲ့ အိအိ ကိုအပြေးအလွှား ဆိုက်ကားပေါ်တင်ကြပြီး ကားဂိတ်ကို ထွက်ခဲ့ကြပါတယ်။ ကားဂိတ်က တစ်ဆင့် ကားငှားပြီး သင်္ဃန်းကျွန်းစံပြဆေးရုံကြီးသို. သွားကြပါတယ်။ ဆေးရုံေ၇ာက်ပြီး သိပ်မကြာပါဘူး။ အိအိတစ်ယောက် ပါးစပ်ထဲက အမြှုပ်တွေထွက်လာပြီး အသက်ပျောက်သွားရှာပါတော့မယ် ။ ဆရာဝန်ကြီးက " တော်တော်လေး စိတ်မကောင်းဘူးဗျာ ။ ခင်ဗျားတို. တော်တော်ဆိုးကြတာပဲ" ။ အားလုံးကတော့်ဆ၇ာဝန်ကြီးဘ်ာဆက်ပြောမလဲ နားစွင့်လျှက် ။ ယောက်ျားဖြစ်သူ ကျော်ကျော်ကတော့ ခေါင်းငိုက်စိုက် ။ နီ၇ဲနေသော မျက်လုံးအစုံနှင့် ။်ဆရာဝန်ကြီးမှ ဆက်ပြီး " ကျွန်တော်တို. သူ.ကို ဘာကုသမှုမှ လုပ်မပေးလိုက်၇သေးပါဘူး။ ဘာကြောင့်ဆုံး၇တယ်ဆိုတာတော့ ဆေးစစ်ချက်ထွက်လာ၇င်သိ၇ပါမယ် " ဟု ပြောပြီး ကျော်ကျော်ကို တစ်ချက်ကြည်.ကာ ထွက်ခွာသွားပါသည်။ အလောင်းနဲ. ပက်သက်ပြီး လုပ်စရာ၇ှိကြ လုပ်ရင်းနဲ. ဆေးစစ်ချက်စောင့်နေကြပါတယ် ။ နောက် ကျော်ကျော်က နယ်မှ ယောက္ခမ ဖြစ်သူထံ ဖုန်းဆက်အကြောင်းကြားရန် ဖုန်းဆက်သို.ထွက်လာခဲ့သည်။ " ဟဲလို ၊အမေ ။ သား ငကျော်ပါ ။ " ဒီအချိန်မှာ " ဟဲ့ကောင် ငကျော် ၊ ငါ့သမီးနင်သတ်လို. သေပြီ်ဆို ဟုတ်လား" ဟု ငိုသံစွက်လျှက် ယောက္ခမလုပ်သူ၏ အမေးကြောင့် ကျော်ကျော်တယောက် ဘာသံမှမထွက်နိုင်ပဲ အံ့သြတကြီးဖြ**့ " အမေ ဘယ်လိုသိလဲ " " ဟင် ဒါဆို ဟုတ်တယ် ပေါ့ ။ မှန်တယ်ပေါ့ " မေးသံနှင့်အတူ ယောက္ခမဖြစ်သူမှာ ဟီးချကာငိုပါတော့သည်။ အတန်ကြာမှ " အမေ ။ ပြောပါဦး ။ အမေဘယ်လိုသိလဲလို." "ငါ့သမီး ငါ့ဆီလာတဲ့ဟဲ့ ၊ အမေ သမိးတော့ ငကျော်သတ်လို.သေပြီတဲ့ ၊ သမီးကို ထိုးတယ် ကန်တယ် ၇ိုက်တယ် ဆံပင်ဆွဲတယ် အမေ တဲ့ " "သမီး ရင်ထဲက မခံစားနိုင်ဘူးအမေ၊ ကိုယ်အတွင်းပိုင်းကလဲ မခံနိုင်အောင် အ၇မ်းနာတယ်။ ဒါကြောင့် သူတပြန် ကိုယ်တပြန် သမိးတို. သတ်ကြတယ် အမေ ၊ခုတော့ သမီးသူ.လက်ချက်နဲ. သေပြီ " တဲ့ " သမီးကို ၇က်လည်ဆွမ်းသွပ်ရင် အမေ့အိမ်မှာပဲလုပ်ပေးပါ အမေရယ် ။သမီးသေတဲ့ သူ.အိမ်မှာ လုပ်မပေးပါနဲ. "တဲံ့  ။ ဆုံးဆုံးခြင်း အမေလုပ်သူဆီ နယ်လို. ချက်ချင်းရောက်ပြီး သွားေ၇ာက်တိုင်ကြားသော အိအိရဲ. ၀ိဥာဉ်အကြောင်းကို ကြားလိုက်၇သူတိုင်း အံ့သြတကြီး ဖြစ်ကြ၇ပါသည်။ ယောက္ခမ လုပ်သူနှင့်အတူ ကျော်ကျော်၊အိအိ တို.သားလေး လဲ အသုဘအိမ်သို. လိုက်လာကြသည်။ ညမိုးချူပ်ခါနီးတော့ ရဲစခန်းမှ ကျော်ကျော်ကို လာရောက်ဖမ်းခေါ်သွားကြပါသည်။ ဆေးစစ်ချက်အဖြေကတော့ "သေဆုံးသူ အိအိသည် နှလုံးကွဲသွားပါသည်။ အဆုတ်ကွာသွားပါသည်။ သ၇က်၇ွက်ပဲ့ကျကုန်ပါသည်။ နှလုးံနှင့် ကျောက်ကပ်၂ခုကြားတွင် နောက်လတွင် မွေးမည်. သမီးမိန်းကလေး ညပ်လျှက်သေဆုံးနေပါသည်၊" "ကျွန်တော့ကို ဖမ်းကြပါဗျာ ။ ကျွန်တော်အဖမ်းခံမှာပါဗျာ" မျက်၇ည်လည်၇ွဲနဲ. ကျော်ကျော် ။ သူချ ကိုယ်ချ ချကြတုန်းက သူတို.ဘာလို. ဗိုက်ထဲက နေ.စေ့လစေ့သမီးလေးကို ထည.်မစဉ်းကြပါလိမ့် ။ ဒေါသမီးက အားလုံးကို မျက်ကွယ်ပြူနိုင်တယ်တဲ့လား။ နောက်ဆုံးရလဒ်ကတော့ အိအိတယောက် ကိုယ်အတွင်းပိုင်းတွေ အကုန်နီးပါးပျက်စီးတယ်။ ကျော်ကျော်ထောင်ကျတယ်။ သမီးလေး လူ.လောကမေ၇ာက်ခင် နာကျင်မှုများနဲ. ပြန်ထွက်သွားရတယ်။ နောက်တလဆို သူလူ.လောကထဲေ၇ာက်ပြီလေ ။ နောက် နယ်မှာ ဘွားအေနဲ.နေရတဲ့ သားအကြီးလေး မိဘမဲ့ဖြစ်ရမယ် ။ ပတ်ဝန်းကျင်မှာ အများလက်ညှိုးထိုးပြောစ၇ာဖြစ်ရအောင် အဖြစ်ဆိုးကြီးနဲ. သူကျန်ခဲ့တယ်။ အရာအားလုံးဟာ ဒေါသမီးကြောင့်ပါ။ ၇ ရက်သားသမီးအပေါင်း ဒေါသမီး လောဘမီး မောဟမီး ငြိမ်းနိုင်ကြပါစေ။ုယုဇနဥယျာဉ်မြို.တော် ၉၃ ရပ်ကွက်တွင် မကြာသေးမီ၇က်ပိုင်းက ဖြစ်ခဲ့သော ဖြစ်ရပ်မှန်ကို ပြန်လည်ေ၇းသားပါသည်။

သမီးရည်းစား

ကိုယ်လေမင်းဆီကိုဖုန်းဆက်ရင် ရင်တွေအရမ်းခုန်တာပဲ (အဘိုးကြီးနဲ့ တိုးမှာစိုးလို့) ကိုယ်လေမင်းနာမည်လေးကိုခေါ်ခါနီးရင် ရင်တွေအရမ်းခုန်တာပဲ (နာမည်မှားခေါ်မိမှာစိုးလို့) ကိုယ်လေမင်းလက်လေးကိုကိုင်ထားရမှ လုံခြုံတယ်လို့ ခံစားရတယ် (လက်အားနေရင် အိပ်ကပ်တွေလျှောက်နှိုက်တော့မယ်...အိပ်ထဲမှာ ရုပ်ရှင်လက်မှတ်အဟောင်းတွေရှိတယ်) ကိုယ်လေမင်းနှုတ်ခမ်းတွေ လှုပ်လှုပ်ရွရွ ဖြစ်လာရင် ရင်တွေအရမ်းခုန်တာပဲ (တွေ့သမျှမုန့်သည် လျှောက်ခေါ်တော့မယ်) ကိုယ်လေမင်းဆံပင်လေးတွေ သပ်နေတာမြင်ရင် ရင်တွေအရမ်းခုန်တယ် (အကြောင်းမရှိုအကြောင်းရှာပြီး beauty spa သွားတော့မယ်) မင်းများနေမကောင်းရင် ကိုယ်ယောက်ယက်ခတ်နေပြီ (မြန်မြန်ပြန်ကောင်းမှာစိုးလို့) မင်းကိုယ့်ဆီတရက်လောက်ဖုန်းမဆက်ရင် ရင်ထဲမှာဆို့နေတာပဲ (၀မ်းသာလုံး.......၀မ်းသာလုံး) ကိုယ်လေအမြဲတမ်း မင်းအကြောင်းပဲ တွေးနေတာ (ဘယ်လိုလှိမ့်ရင် ကောင်းမလဲလို့) ကိုယ်လေမင်းနဲ့လျှောက်လည်ရင် ရင်တွေအရမ်းခုန်တာပဲ (တိုးမှာစီုးလို့......တိုးမှာစီုးလို့) ကိုယ်လေမင်းနဲ့လက်ထပ်ရမှာကို ရင်ခုန်နေတယ် (ဈေးဝယ်ရ......ချက်ပြုတ်ရ...လျှော်ဖွှတ်ရ တော့မယ်)

ကြောင်လိမ္မာ

`ဟဲလို၊ ရဲစခန်းကလား၊ ကျွန်တော့်ကြောင်းလေး ပျောက်သွားလို့၊ အဲဒါ ....` `၀မ်းနည်းပါတယ်ခင်ဗျာ၊ ဒီအလုပ်က ကျွန်တော်တို့ ရဲတွေရဲ့ အလုပ် မဟုတ်ပါဘူး၊ ကျွန်တော်တို့မှာလဲ တခြားအလုပ်တွေနဲ့ အလုပ်များနေလို့ ပါ`။ `ခင်ဗျားနားမလည်ဘူးလား၊ကျွန်တော့်ကြောင်က အလွန်တတ်သိ လိမ္မာတယ်၊ လူလိုပြောတတ်ဆိုတတ်တယ်`။ `ကောင်းပါပြီ ခင်ဗျာ၊ တယ်လီဖုန်း ချ လိုက်ပါတော့ ၊ ခင်ဗျားကြောင် က အခုပဲ ခင်ဗျားဆီကို ဖုန်းဆက်ပါလိမ်၊့မယ်`။

တော်လိုက်တဲ့ ဘာသာပြန်ဆရာ

တော်လိုက်တဲ့ ဘာသာပြန်ဆရာ How Old are You မင်းဘယ်လိုအိုသွားတာလဲ How long have you been in Singapore မင်းကစင်ကပူမှာဘယ်လိုရှည်လာတာလဲ Quite well တော်တော်လေးကေင်းတဲ့ရေတွင်း well Done ရေတွင်းပြိးသွားပြီ Quite right တော်တော်လေးကောင်းတဲ့ညာဘက် Turn right အမှန်ကိုလှည့်ပါ Turn left အမှန်ကိုလှည့်ပြီးထားခဲ့ Hand round လက်ကိုပတ်ပါ By the way လမ်းမကြီးအားဖြင့် Next door နောက်တံခါးတချပ် How’s Going ဘယ်လိုသွားမှာလဲ Get into bed အိပ်ယာထဲဝင်သည် Dressing table စားပွဲခုံအ၀တ်လဲနေသည် Getting Out အပြင်တွင်ရသည် Getting in အထဲတွင်ရသည် All right အားလုံးညာဘက် Make up your mind မင်းစိတ်ကိုမိတ်ကပ်လိမ်းပါ Try on အပေါ်တွင်ကျိုးစားပါ To day what is your brakefast ဒီနေ့မင်းပထမဆုံးဘာကိုချိုးလိုက်တာလဲ Keep an eye မျက်လုံးတဘက်သိမ်းထားပါ Long gone အရှည်ကြီးသေသွားပြီ Switch on အပေါ်တွင်ဖွင့်သည် Watch out အပြင်မှာစောင့်ကြည့်သည် Go out with date နေ့စွဲနှင့်အပြင်ထွက်သည် Everything will be all right အားလုံးညာဘက်တွေဘဲဖြစ်သွားမှာပါ I am not feeling well ငါဘယ်လိုမှ ရေတွင်းကိုခံစားလို့မရဘူး Hurry up အပေါ်မြန်မြန်လုပ် Poor you မင်းဆင်းရဲလိုက်တာ Back off နောက်ဘက်ကိုပိတ်ပါ မျက်နှာလာမလုပ်နဲ့ Non’t do face ကျွဲပါးဆောင်းတီးမလုပ်နဲ့  Don’t pay gita near buffalo

ဘာကားမောင်းတာလဲ

“ကားမောင်းသက် ဘယ်လောက်ရှိပြီလဲ” “အနှစ် (၃၀) ပါ...” “ယာဉ်တိုက်မှု ဖြစ်ဖူးသလား” “တစ်ခါမှမဖြစ်ဖူးပါဘူး” “ခွေးလေးးးးကြက်လေးတောင်မတိုက်ဖူးဘူးလား” “မတိုက်ဖူးပါဘူး” “၀င်းတံခါး၊ခြံတံခါး၊သစ်ပင် ဆိုတာမျိုးရော...” “ဟင့်အင်း မတိုက်ဖူးပါဘူးဗျာ...” “ဟုတ်ရဲ့လားဗျာ...” “အဟုတ်ပါ..” “ခင်ဗျား က ဘာကားမောင်းတာလဲ..” “လယ်ထွန်စက်..” ဟူသတည်း။