Wednesday, October 16, 2013
ဟာသလေးထင်လို့ ရယ်ရလား
မောင်လှတစ်ယောက် ဗိုက်အရမ်းနာပြီးအန္တရာယ်ကိုမလွယ်နိုင်လို့ အများသုံးအိမ်သာထဲဝင်ပြီး ကိစ္စရှင်းနေချိန် ဘေးကပ်ရပ်အိမ်သာခန်းက အသံတစ်သံထွက်ပေါ်လာပါတယ်…..
“ဟေ့လူ…. နေကောင်းလား….”
မောင်လှလည်း အိမ်သာတက်နေချိန်မှာ မေးလာတဲ့မေးခွန်းကို မဖြေချင်ပေမယ့်လည်း ရှက်ရှက်နဲ့ပြန်ဖြေလိုက်ပါတယ်….. “ဟုတ်ကဲ့… ကောင်းပါတယ်….”
တစ်ဖက်က နောက်ထပ်အသံထွက်ပေါ်လာပြန်တယ်…
“ခင်ဗျား ဘာလုပ်နေတာလည်း….”
ခပ်ကြောင်ကြောင်မေးခွန်းကြောင့် မောင်လှတစ်ယောက်လည်း ဘာပြောရမှန်းမသိဖြစ်ပြီး……
“ခင်ဗျားလိုဘဲ အန္တရာယ်မလွယ်နိုင်လို့ ရှင်းနေတာပေါ့ဗျာ……” မောင်လှလည်းပြန်ဖြေရင်း ကိစ္စမြန်မြန်ပြီးအောင်ကြိုးစားနေချိန် နောက်ထပ်မေးခွန်းတစ်ခု ကြားလိုက်ရပြန်ပါတယ်…… “ကျွန်တော်လာခဲ့ရမလား….”
ရူးသွပ်တဲ့မေးခွန်းဖြစ်ပေမယ့် မောင်လှကတော့ စကားစဖြတ်ချင်လို့ ယဉ်ယဉ်ကျေးကျေးဘဲ ပြန်ဖြေလိုက်ပါတယ်…… “မလာ…. မလာပါနဲ့… ကျွန်တော်မအားလို့ပါ… ခင်ဗျားလည်းအားလိမ့်မယ်လို့မထင်ဘူး……
” ဒီအချိန်မှာ တစ်ဖက်ခန်းကလူက စိတ်မရှည်တဲ့လေသံနဲ့…… “ဟေ့လူ….. ခင်ဗျားကိုကျွန်တော် ပြန်ခေါ်မယ်…. ဒီမှာ ဘေးအိမ်သာက ငကြောင်တစ်ကောင် ကျွန်တော်မေးသမျှကို လိုက်ဖြေနေတယ်…..” - -
မိုဘိုင်းဖုန်းရဲ့ကောင်းမှု…….
Subscribe to:
Post Comments (Atom)
No comments:
Post a Comment