မိနစ်အနည်းငယ်စာ
မြည်းစမ်းကြည့်ကြမယ်
ခေတ်ရေစီးရဲ့ ပြောင်းလဲလာတဲ့ သံစဉ်တွေနောက်
မိုးစက်မိုးပေါက်နှယ်
ပုံစံပြောင်းအသွင်နဲ့
တစ်ရက်လောက်ဖြစ်ဖြစ်
စိတ်ရှည်ကြည့်ကြမယ်....
တကယ်လို့များ
ကိုယ်ဖန်တီးတဲ့ လက်ရာတစ်ခု
ပီပြင်လာခဲ့ရင်တော့
ထမင်းတစ်လုပ် အလှူတစ်ခု
ငါပြုမိမှာ အမှန်ပဲ....
တကယ်လို့များ
မမှန်မကန် ပြောင်းပြန်အချိုးကျ
လွဲခဲ့ရရင်တော့
ကီးဘုတ်ခလုတ် လက်ဆန့်ထုတ်လို့
ကလစ်တစ်ချက် လက်ဖြစ်သရုပ်
ဝက်ဆိုက်ထုတ်နုတ်
ကြည့်တကုပ်ကုပ်
သရေကန်တဲ့ ဘောလုံးပွဲပမာ။။။။။