Sunday, October 6, 2013
ချစ်သူရေ
တစ်ခါတလေ ငါ့အပေါ် ကလေးတစ်ယောက်လို ဆိုးနွဲ့ တတ်ပီး
လူကြီးတစ်ယောက်လို အမြဲတမ်းဆုံးမရင်း ခဏခဏ ဆူတတ်တဲ့
ချစ်သူလေးကို ........အရမ်းချစ်တယ်
ငါနဲ့  ခဏလောက် အဆက်အသွယ်မရတဲ့ အချိန်ဆို ငါ့အတွက်
အမြဲတမ်း စိတ်ပူနေတတ်ပီး ....သူ့ ကို မေ့နေတယ်မလားလို့  မေးတတ်
တဲ့ ချစ်သူလေးကို..........အရမ်းချစ်တယ်
ဘယ်လိုပဲ စိတ်ဆိုး......စိတ်ကောက်နေပါစေ ငါ့ဆီက ချော့လိုက်တဲ့
စကားလေးတွေကြားတိုင်း စိတ်ဆိုးတာတွေကို မေ့သွားတတ်တဲ့
ချစ်သူလေးကို............အရမ်းချစ်တယ်
အရာအားလုံးထက် သူနဲ့ ငါဆိုတာ အဝေးကြီးမှာ ရှိနေရပေမဲ့
ငါ့ အချစ်တွေကို တန်ဖိုးထားပေးပီး ငါ့အပေါ် သစ္စာရှိရှိနဲ့ ချစ်နေပေးတဲ့
ချစ်သူလေးကို........ငါကလဲ အရာအားလုံးထက် ပိုတန်ဖိုးထားပါတယ်
ချစ်သူရယ်..........*serious*
Subscribe to:
Post Comments (Atom)
No comments:
Post a Comment