Sunday, October 6, 2013

သင့်ကိုတကယ်ချစ်တဲ့သူမို့

သင့်ကိုတကယ်ချစ်တဲ့သူမို့ သူ့ဖုန်းထဲမှာ သင့်ဓါတ်ပုံတွေအပြည့်ဖြည့်ထားတာပေါ့။ # သင့်ကိုတကယ်ချစ်တဲ့သူမို့ သင့်ကြောင့် သူ့မျက်ရည်တွေအကုန်ခံနေတာပေါ့။ # သင့်ကိုတစ်ကယ်ချစ်တဲ့သူမို့ သင့်ကို လိုလေသေမရှိ အစစအရာရာ အလျော့ပေးနေတာပေါ့။ # သင့်ကိုတစ်ကယ်ချစ်တဲ့သူမို့ ဘယ်လောက်အလုပ်များများ သူ့အချိန်တွေသင့်အတွက်ပေးနေတာပေါ့။ # သင့်ကိုတကယ်ချစ်တဲ့သူမို့ သူငယ်ချင်းအပေါင်းအသင်းကြား သင်ကိုချစ်တဲ့အကြောင်း ဖွင့်ဟရဲတာပေါ့။ # သင့်ကိုတစ်ကယ်ချစ်တဲ့သူမို့ သင့်စိတ်ခံစားချက်အတိုင်း ထပ်တူလိုက်ခံစားနေတာပေါ့။ # သင့်ကိုတစ်ကယ်ချစ်တဲ့သူမို့ သင့်အားနည်းချက်တိုင်းကိုနားလည် ဖာထေးစာနာပေးနေတာပေါ့။ သင့်ကိုတစ်ကယ်ချစ်တဲ့သူမို့ ဝေးနေနီးနေ နှစ်ထွေ ကွာဝေးပါစေ သစ္စာမပျက် မျက်နှာမများလျက်နေတာပေါ့။ သင့်ကိုတကယ်ချစ်တဲ့သူမို့ သင်ဘယ်လိုအခြေအနေရောက်ရောက် အမြဲဘေးမှာ မားမားမတ်မတ်ရပ်ပေးနေတာပေါ့။ သင့်ကိုတကယ်ချစ်တဲ့သူမို့ သင့်ကြောင့် သဝန်တိုတတ် စိတ်ဆိုးတတ် မမှားသင့်တာမမှားကအောင် ဂရုဏာဒေါသတွေထွက်ပေးနေတတ်တာပေါ့။ (*** သင့်ကိုတကယ်ချစ်တဲ့ သူကိုရှိတုန်းတန်ဖိုးထားပါ။ လက်လွှတ်လိုက်ရမှ ဝမ်းမနည်းပါနဲ့။ ကမ္ဘာပေါ်မှာ လူအများကိုချစ်တတ်တဲ့သူပေါပါတယ် တစ်ယောက်တည်းကိုချစ်နိုင်တဲ့သူပဲရှားတာပါ။ ***) *serious*

No comments:

Post a Comment