Monday, October 7, 2013
ယခုနှစ် ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းကို ဟိုေ
ဆး မော်ရင်ဟိုတစ်ယောက် တစ်ကျော့ပြန် ရောက်ရှိလ
ာခြင်းဟာ ချယ်လ်ဆီးပရိသတ်များ အပါအ၀င် ဘောလုံ
းပရိသတ်များအတွက်တော့ စိတ်ဝင်စားစရာ အကြောင်
းတစ်ရပ် ဖြစ်ခဲ့ပါတယ်..။ ပေါ်တူဂီ၊ အင်္ဂလန်၊ အီတလီ
နှင့် စပိန်ဘောလုံးဘောကများမှာ အောင်မြင်မှု အလီ
လီ ဆွတ်ခူးနိုင်ခဲ့ပြီး ယခုတစ်ကြိမ် အပြန်ခရီးမှာ နော
က်ထပ်ဘာများ ဆောင်ယူနိုင်ဦးမည်လဲ?? နောက်ထပ်
ဘာတွေများ ထူးထူးခြားခြား လုပ်ပြနိုင်ဦးမှာလဲဆိုတဲ့ေ
မးခွန်းများရဲ့ အဖြေကိုလည်း အားလုံးက သိချင်နေကြပ
ါတယ်..။ ဒီလိုမျှော်လင့်ချက်တွေကို တနင့်တပိုး ထမ်း
ထားရတဲ့ သူ့အတွက် အခုအချိန်ဟာ ယခင်နည်းပြအ
ဆက်ဆက်လက်က အသင်းကို သူ့စိတ်ကြိုက် ပြန်လည်
တည်ဆောက်ဆဲ အနေအထားမှာပဲ ရှိနေပါသေးတယ်
..။ အခုမော်ရင်ဟို တည်ဆောက်နေသည့် အသင်းပေ
ါ် ဆောင်းပါးရှင် Michael Cox ရဲ့ သုံးသပ်ချက်အ
ပေါ် အခြေခံပြီး အောက်ပါအတိုင်း တင်ပြလိုက်ရပါတ
ယ်..။
ခြောက်နှစ်တာ ကင်းကွာပြီး ဌာနေဟောင်းကို ပြန်လာ
ခဲ့သည့် သူ့ကိုမန်နေဂျာ အသစ်တစ်ယောက်ဟု ခေါ်တ
ွင်လို့တော့ မရပေ..။ သူ့ရဲ့အားသာချက်ကတော့ ပရီးမီ
းယားလိဂ် သရဖူ တိုက်ပွဲကို ဆင်နွဲဖူး၊ အောင်မြင်ခဲ့ဖူး
တာပါပဲ..။ တစ်ဖက်မှာလည်း အားနည်းချက်တွေက ရှိ
ပါတယ်..။ သူ့အကြောင်း၊ သူ့ရဲ့နည်းစနစ်၊ စိတ်ဓါတ်
စစ်ဆင်ရေးအကြောင်းတွေကို ပြိုင်ဘက်နည်းပြတွေက
လည်း ထဲထဲဝင်ဝင် သိပြီးသမို့ အရင်ထက်တော့ ပိုပြီး
ခက်ခဲနိုင်ပါတယ်..။
နည်းစနစ်ပိုင်းအရ ကြည့်မယ်ဆိုရင် မော်ရင်ဟိုဟာ န
ည်းစနစ် အသစ်တွေကို တီထွင်၊ ဖန်တီး၊ ယူဆောင်တ
တ်တဲ့သူ မဟုတ်ပါဘူး..။ သူ့ရဲ့အသင်းတွေဟာ မာေ
ကျာမှုကို အခြေခံပြီး တန်ပြန်တိုက်စစ်၊ တိုက်ရိုက် ပေး
ပို့မှုတွေနဲ့ပဲ ရိုးရိုးရှင်းရှင်း ကစားလေ့ရှိပါတယ်..။ ဒါ့ြေ
ကာင့်မို့ အခုတစ်ကြိမ် ချယ်လ်ဆီးအသင်းကို သူ့စိတ်ကြို
က် ပြန်လည်တည်ဆာက်ပြိးတဲ့ အချိန်မှာလည်း နည်းစ
နစ်ပိုင်းအရ အသစ်အဆန်းတွေ မြင်တွေ့နိုင်ဖွယ် မရှိပါ
ဘူး..။
မော်ရင်ဟိုရဲ့ ကစားကွက် အခင်းအကျင်း..
၂၀၀၄ ခုနှစ် ပရီးမီးယားလိဂ်ကို ရောက်ရှိလာချိန်မှာတေ
ာ့ မော်ရင်ဟို (နှင့် ဘင်နီးတက်ဇ်) တို့ဟာ ၄- ၄- ၂ ပုံ
စံမှာပဲ အသားကျနေတဲ့ အင်္ဂလန် အသင်းတွေကို ပုံစံေ
ဟာင်းကထဲ ခွဲထွက်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်
..။ သူဘယ်လိုနည်းစနစ်ပိုင်းအရ အသာစီး ယူခဲ့တာ
ကို အခုလို ရှင်းပြခဲ့ပါတယ်..။
“ကျွန်တော်က ကွင်းလယ်မှာ မက်ခလီလီကို အထိုင်ချ၊
သူ့ရှေ့မှာ နှစ်ယောက်ထားပြီး တြိဂံပုံစံနဲ့ ခင်းလိုက်တ
ယ်..။ ဒီလိုထားလိုက်ခြင်းအားဖြင့် အလယ်တန်းသမား
နှစ်ယောက် (Central Midfielders) ကို ဘေးချ
င်းယှဉ်ထားတဲ့ သမာရိုးကျ ၄- ၄- ၂ ကစားကွက်ကို က
ွင်းလယ်အသာစီး ရပါတယ်..။ အားသာချက်က မက်ခ
လီလီဟာ ခံစစ်ကြောင်းရှေ့မှာ အမြဲတမ်း ရှိနေတယ်
..။ တိုက်စစ်ဆင်ချိန်မှာ သူတစ်ကွင်းလုံးကို လှုပ်ရှားနိုင်
တယ်..။ သူ့ကိုလာကပ်မယ်ဆိုရင် ကျန်တဲ့ကွင်းလယ်လူ
နှစ်ယောက်က လွတ်သွားပြီ..။ ဒီကွင်းလယ်သမားတေ
ွကို ဖိအားပေးဖို့ တစ်ဘက်အသင်းက သူတို့တောင်ပံသ
မားတွေ အတွင်းကို ၀င်လာရတော့မယ်..။ ဒီလိုနည်း
အားဖြင့် ကျွန်တော့်အသင်းဟာ တောင်ပံတွေမှာ နေရ
ာလွတ်တွေရလာတယ်..။ ဒီနေရာလွတ်တွေကနေ က
ျွန်တော့်ရဲ့ တောင်ပံသမားတွေ၊ နောက်ခံအစွန်လူတေ
ွက တိုက်စစ်ဆင်နိုင်တယ်..။ သမာရိုးကျ ၄- ၄- ၂ က
စားကွက်ဟာ ကျွန်တော့် ကစားကွက်ကို မတားနိုင်ခဲ့ဘူ
း..။”
ဒါပေမယ့် အခု ၂၀၁၃ ခုနှစ်မှာတော့ ဒီလိုလွယ်လွယ်ကူ
ကူ အသာစီး ယူနိုင်တော့မှာ မဟုတ်ပါဘူး..။ နောက်
ထပ်သူ့ရဲ့အကျင့်တစ်ခုကတော့ ပုံသေကစားကွက် နှစ်
မျိုးထားလေ့ရှိပြီး လိုအပ်သလို ပြောင်းလဲကစားတတ်တ
ာပဲ ဖြစ်ပါတယ်..။ ဥပမာအားဖြင့် ပေါ်တိုအသင်းမှာဆို
ရင် ၄- ၃- ၁- ၂ ကစားကွက်ကို အဓိကထား သုံးစွဲပေ
မယ့် တစ်ခါတစ်ရံ ၄- ၂- ၃- ၁ ပုံစံလည်း ကစားလေ့ရှိ
ပါတယ်..။ ချယ်လ်ဆီးမှာတော့ ၄- ၃- ၃၊ တစ်ခါတစ်ရံ
ကွင်းလယ်မှာ လေးယောက် စိန်ပွင့်ပုံစံ (Diamond
Formation) ကစားပါတယ်..။ အင်တာ မီလန်ကို
ကိုင်တွင်စဉ်က ပထမနှစ်မှာ ၄- ၃- ၁- ၂ ပုံစံ အဓိက
ထား သုံးစွဲပေမယ့် ဒုတိယရာသီ ဖလားသုံးလုံး ဆွတ်ခူး
စဉ်မှာတော့ ၄- ၂- ၃- ၁ ပုံစံ အများဆုံး သုံးစွဲခဲ့ပါတ
ယ်..။ ရီးရဲလ် မက်ဒရစ်မှာတော့ ၄- ၂- ၃- ၁ နဲ့ ၄-
၃- ၃ ပုံစံကို လဲလှယ်သုံးခဲ့တာ တွေ့မိပါတယ်..။
များသောအားဖြင့် သူ့ရဲ့စိတ်ကြိုက်ပုံစံဟာ ၄- ၂- ၃- ၁
ကစားကွက်ဖြစ်တယ်…။ ကွင်းလယ်မှာ တြိဂံပုံစံ အထို
င်ချပြီး ၄- ၃- ၃ ကစားကွက်ကို အပြောင်းအလဲအနေ
နဲ့ သုံးတတ်ပါတယ်..။ တစ်ခါတစ်ရံ အနိုင်ရဖို့ လိုအပ်ေ
နချိန်မှာ တိုက်စစ်မှူး နှစ်ဦးစလုံးတင်ပြီး ဂိုးရအောင် ကြိုး
စားလေ့ရှိပါတယ်..။ (ဒီလိုတိုက်စစ်မှူး နှစ်ဦးတင် ကစာ
းတဲ့ အရေးပေါ် ကစားကွက်ဟာ ချယ်လ်ဆီးအသင်း ပ
ထမအကြိမ် ကိုင်တွယ်စဉ်နဲ့ ရီးရဲလ် မက်ဒရစ်တို့မှာ အ
လုပ်ဖြစ်ခဲ့ပါတယ်..။ အခုလက်ရှိမှာတော့ မော်ရင်ဟို
ဟာ Plan B ကို ရှာဖွေနေဆဲမှာပဲ ရှိပါသေးတယ်
..။)
ပြောင်းလဲလာတဲ့ ချယ်လ်ဆီးအသင်းရဲ့ အခင်းအကျင်း
များ..
၂၀၀၄ ခုနှစ် မော်ရင်ဟို ကိုင်တွယ်တည်ဆောက်ခဲ့တဲ့
အသင်းဟာ တောင့်တင်းတဲ့ ခံစစ်ကြောင်း၊ ကြံ့ခိုင် မာ
ကျောတဲ့ ကစားဟန်၊ အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓါတ်
တို့နဲ့ အောင်မြင်မှုများစွာ ရယူခဲ့ပါတယ်..။ နည်းပြအ
ဆက်ဆက် ပြောင်းလဲလာခဲ့ပေမယ့် မော်ရင်ဟို တည်ေ
ဆာက်ခဲ့တဲ့အထိုင်ကို မဖျက်ခဲ့ကြပါဘူး..။ ချယ်လ်ဆီး
အသင်းကို အမှန်တစ်ကယ် ပြောင်းလဲဖို့ ကြိုးစားသူက
ဗီလက်ရှ် ဘိုအက်ရှ်..၊ သို့ပေမယ့် သူ့ရဲ့ပြုပြင် ပြောင်း
လဲရေး စီမံကိန်းဟာ မြန်မြန်ဆန်ဆန်ပဲ ကျရှုံးခဲ့ပါတယ်
..။ ယာယီနည်းပြအဖြစ် တာဝန်ယူရတဲ့ ဒီမက်တီယိုဟ
ာ ယခင် မော်ရင်ဟိုရဲ့ပုံစံကို ပြန်အသက်သွင်းပြီး ခံစစ်
ထိုင်၊ ကြံ့ကြံ့ခံ ကစားခါ ချန်ပီယံလိဂ် ဖလားကြီးကို အ
ရယူခဲ့ပါတယ်..။
ယာယီနည်းပြအဖြစ်နဲ့ အောင်မြင်မှု ရခဲ့တဲ့ ဒီမက်တီယို
ဟာ နောက်နှစ်မှာတော့ ၄- ၂- ၃- ၁ ပုံစံကို အထိုင်ချ၊
မာတာ၊ အော်စကာ၊ ဟက်ဇက်တို့ကို လွတ်လွတ်လပ်
လပ် ရွေ့လျားခိုင်းပြီး လှပညက်ညောတဲ့ ကစားဟန် တို
က်စစ်အသားပေး ကစားကွက်ကို တည်ဆောက်ခဲ့ပါတ
ယ်..။ ဒါပေမယ့် ခံစစ်ပိုင်း ပြင်ဆင်ဖို့ကို လစ်လျူရှုခဲ့တဲ့
အတွက် အသင်းဟာ တိုက်စစ်၊ ခံစစ်မညီပဲ ဟန်ချက်ပျ
က်ခဲ့ရပါတယ်..။ ရာဖာ ဘင်နီးတက်ဇ် ကိုင်တွယ်ချိန်မှာ
ပထမဦးဆုံး အလုပ်ကတော့ ခံစစ်ကြောင်းကို ပြန်လည်
တည်ဆောက်ခဲ့ရတာပဲ ဖြစ်ပါတယ်..။ ဘင်နီးတက်ဇ်
ဟာ ခံစစ်ဆင်ချိန်မှာ လေးယောက်တန်း နှစ်ထပ်ပုံစံ
(၄- ၄- ၁- ၁ ကစားကွက်) နဲ့ တောင်ပံ ကစားသမား
တွေကို ခံစစ်ဇုန်အထိ လိုက်ပါစေခဲ့ပါတယ်..။ တိုက်စစ်
ဆင်ချိန်မှာတော့ အဓိကအားဖြင့် ကွင်းလယ်ဖန်တီးရှင်
နံပါတ် (၁၀) (မာတာ) ကို အခြေပြုပြီး ရွေ့လျား ကစာ
းခဲ့ပါတယ်..။
အခုတစ်ကြိမ် မော်ရင်ဟို လက်လွဲရယူခဲ့တဲ့ အသင်းဟ
ာ တိုက်စစ်ကစားသမားတွေ အများအပြား ပါဝင်ပေမ
ယ့် ခံစစ်ကြောင်းကတော့ သူယခင် တည်ဆောက်ထား
ခဲ့တဲ့အထိုင်ပဲ ရှိနေတာကို တွေ့ရပါတယ်..။ အခုတစ်ြ
ကိမ် ပြန်လည် ကိုင်တွယ်ချိန်မှာ သူ့ရဲ့ကစားကွက်ဟာ
ရာသီအဖွင့်မှာ ကစားခဲ့တဲ့ ၄- ၂- ၃- ၁ ပုံစံပဲ အသုံးပြု
မှာ ဖြစ်ပေမယ့် ပြောင်းလာလာတာကတော့ တိုက်စစ်
သမားတိုင်းကို ခံစစ်မှာ လိုက်ပါခိုင်းတဲ့ ဖိအားပေး ကစ
ားဟန် (High Press Play) ကို သုံးစွဲတာပဲ ဖြစ်ပါ
တယ်..။ အခုအချိန်ထိတော့ သူ့ရဲ့ကစားကွက်ဟာ ဖျေ
ာ်ဖြေမှု ပေးတဲ့ တိုက်စစ်အသားပေးဟန်ကို ဦးတည်တာ
ကို မတွေ့ရပဲ စွန့်စားမှုနည်းနည်း၊ သမားရိုးကျဆန်ဆန်
ကစားနေတာပဲ သတိပြုမိပါတယ်..။ အခုမော်ရင်ဟိုရဲ့
အသင်းကို ကဏ္ဍအလိုက် ခွဲပြီးလေ့လာကြည့်ရရင်တေ
ာ့..
နောက်တန်း ခံစစ်ကြောင်း
ခံစစ်ကြောင်းရဲ့ ဘယ်ဘက်အခြမ်းဟာ အရင်က သူထ
ားခဲ့အတိုင်း ဘာမှမပြောင်းသေးပါဘူး..။ ခံစစ်အတွင်း
မှာ ဂျွန် တယ်ရီ၊ ဘယ်အစွန်မှာ အက်ရှ်လေ ကိုးလ်တို
့ကို အစားထိုးဖို့ရာ တော်တော်ခက်ပါတယ်..။ နှစ်ပေါင်
းများစွာ အတူတကွ တွဲကစားခဲ့တာမို့ နားလည်မှု အလ
ွန်ကောင်းတာကြောင့် အမှားအယွင်း ကြီးကြီးမားမား မ
ရှိတာကို တွေ့မိပါတယ်..။ အသက်အရွယ်ကြောင့် လျှ
င်မြန်မှုတွေ ကျဆင်းလာပေမယ့် သူတို့ရဲ့ ပါးနပ်မှု၊ သမ
္ဘာ နဲ့ နေရာယူ ကောင်းမွန်မှုတွေနဲ့ ခံစစ်ကြောင်းကို ဦးေ
ဆာင်နိုင်နေဆဲပါပဲ..။
ဂျွန် တယ်ရီနဲ့ တွဲဖက်မယ့် ဂယ်ရီ ကာဟေးလ်နဲ့ ဒေးဗစ်
လူးဝစ်ဇ်တို့ နှစ်ဦးစလုံးဟာ လျှင်မြန်မှု ကောင်းတဲ့သူေ
တွပါ..။ ကာဟေးလ်က အမြင့်ဘောနဲ့ ပင်နယ်တီ ဧရိ
ယာအတွင်း ဖျက်ထုတ်မှုတွေ ပိုကောင်းပြီး လူးဝစ်ဇ်က
ဘောလုံးလမ်းကြောင်း ဖျက်တောက်မှုနဲ့ ဘောလုံးသယ်
ပြီး တိုက်စစ်လိုက်ပါတဲ့နေရာမှာ အားသန်ပါတယ်..။
အဲဗာတန်၊ ဘေဆယ်လ်နဲ့ပွဲတွေမှာ နေရာယူမှားယွင်းမှု
ကြောင့် လူးဝစ်ဇ်တစ်ယောက် အဝေဖန်ခံ ရပေမယ့်ေ
မ်ာရင်ဟိုဟာ စပါး၊ စတူအာတို့နဲ့ ပွဲတွေမှာ လူးဝစ်ဇ်ကို
ယုံယုံကြည်ကြည်နဲ့ သုံးစွဲခဲ့ပါတယ်..။
မော်ရင်ဟိုဟာ ဧရိယာအတွင်းကနေ ထိုင်ဖျက်တာကို
(Deep Defence) အားသန်ပြီး သူ့ရဲ့ဗဟိုခံစစ်မှူး
တွေကို မလိုအပ်ပဲ စွန့်စားမှုတွေ မလုပ်ခိုင်းပါဘူး..။ ဥ
ပမာအားဖြင့် မန်ချက်စတာ ယူနိုက်တက်နဲ့ပွဲက ဗဟိုခံစ
စ်မှူးများရဲ့ နေရာယူပုံကိုအောက်ပါ ပုံ (ပုံ- ၁) မှာ တေ
ွ့နိုင်ပါတယ်..။ စပါးနဲ့ စတူအား ဘူခါရက်စ်တို့ပွဲမှာ ဗ
ဟိုခံစစ်အတွဲကို တယ်ရီနဲ့ ဒေးဗစ် လူးဝစ်ဇ်အတွဲကို သုံး
ခဲ့ပါတယ်..။ သို့ပေမယ့် ယခင်က တိုက်စစ်ကို အလွန်
အကျွံ လိုက်ပါတတ်တဲ့ လူးဝစ်ဇ်ကို ဒီပွဲတွေမှာ ဘောလုံ
းကိုင်ပြီး ရှေ့မတက်ခိုင်းတော့တာ တွေ့မိပါတယ်..။
ပုံ- ၁း မန်ချက်စတာ ယူနိုက်တက်နှင့်ပွဲမှ ဂျွန် တယ်ရီနှ
င့် ဂယ်ရီ ကာဟေးလ်တို့၏ ဖျက်ထုတ်ပုံ
ညာတောင်ပံ ခံစစ်နေရာတော့ အိုင်ဗန်နိုဗစ်နဲ့ အက်ဇ်ပီ
လီကျူတာတို့ နှစ်ယောက် ရှိပါတယ်..။ အိုင်ဗန်နိုဗစ်ရဲ့
ကစားပုံဟာ ဗဟိုခံစစ်မှူးဆန်ပေမယ့် ချယ်လ်ဆီးကို ရေ
ာက်ကတည်းက ညာတောင်ပံ ခံစစ်ကြောင်းမှာ အများ
ဆုံး ကစားခဲ့ရပါတယ်..။ အက်ဇ်ပီကတော့ အလုံးအ
ထည် သေးပေမယ့်၊ မြန်တယ်..၊ နည်းစနစ်နဲ့ တိုက်စစ်
န်မှာ ပထမဦးစားပေးအဖြစ် အိုင်ဗန်နိုဗစ် ရရှိထားပေမ
ယ့် ပွဲစဉ်တွေ ကျပ်တည်းလာမည့် ရာသီနောက်ပိုင်း က
ာလတွေမှာ အက်ဇ်ပီလည်း အလှည့်ကျ ပွဲထွက်ရမှာပါ
..။ အခုနောက်ပိုင်း ပွဲရလဒ်ကိုထိန်းဖို့ အက်ဇ်ပီလီကျူ
တာကို Wing Back အဖြစ် လူစားဝင် ကစားစေတ
ာ တွေ့မိပါတယ်..။ စပိန်လူငယ် နောက်ခံလူဟာ ပထ
မရာသီမှာ ပရိသတ်အကြိုက် ကစားနိုင်ခဲ့ပေမယ့် မော်
ရင်ဟိုကတော့ အလုံးအထည်၊ ကြံ့ခိုင်မှုကောင်းပြီး အြ
မင့်ဘောပါ ပိုင်နိုင်တဲ့ အိုင်ဗန်နိုဗစ်ကို ဦးစားပေးမှာ ဖြ
စ်ပါတယ်..။
ကွင်းလယ်ကစားကွက်..
မာကျောတဲ့ နောက်တန်းလေးယောက်ကို ခံစစ်အသေ
ထိုင် နေရာယူစေပြီးနောက်မှာ မော်ရင်ဟိုဟာ အလယ်
တန်းသမားတွေကို ပိုပြီးလွတ်လွတ်လပ်လပ် ကစားစေ
တာ တွေ့မိပါတယ်..။ ပုံမှန်အားဖြင့် မော်ရင်ဟိုမှာ က
ွင်းလယ်အဖျက်ဇုန်မှ ကစားသမားများ၏ လှုပ်ရှားမှုကို
ကန့်သတ်လေ့ရှိသော်လည်း (ဥပမာ- မက်ခလီလီ၊ က
မ်ဘီယာဆို၊ ဇာဗီ အလွန်ဆို) ဟူးလ် စီးတီးနှင့်ပွဲမှစပြီး
သူ့ရဲ့ အဓိက Double Pivot အထိုင်ဖြစ်တဲ့ ရာမီး
ရက်စ်နဲ့ လမ်းပတ်တို့ကို လွတ်လွတ်လပ်လပ် တိုက်စစ်
လိုက်ပါခိုင်းစေတာ တွေ့မိပါတယ်..။ ရံဖန်ရံခါမှာ သူ
တို့ဟာ ကွင်းလယ်တိုက်စစ်သမားတွေထက်တောင် ပိုပြီ
းရှေ့ရောက်နေတာ ထူးခြားမှုအဖြစ် မြင်တွေ့မိပါတယ်
..။ အခုနောက်ဆုံး စတူအာ ဘူခါရက်စ်နဲ့ပွဲမှာလည်း
Double Pivot ကစားသမားတွေဖြစ်တဲ့ ရာမီးရက်
စ်နဲ့ လမ်းပတ်တို့ နှစ်ဦးစလုံး ဂိုးမြူးခဲ့ပါတယ်.။ ဒီပွဲမှ သူ
တို့ရဲ့ ကစားပုံကို အောက်ပါပုံ (ပုံ- ၂) မှာ ပြထားပေး
ပါတယ်..။
ပုံ- ၂း စတူအာနှင့်ပွဲမှ ရာမီးရက်စ်နှင့် ဖရန့် လမ်းပတ်
တို့၏ လှုပ်ရှားပုံများ
ဒါပေမယ့် မော်ရင်ဟိုဟာ သူ့ရဲ့ကွင်းလယ်အထိုင်
Double Pivot ကို ပြိုင်ဘက်အနေအထားပေါ် မူ
တည်ပြီး ပြောင်းလဲသွားပါလိမ့်မယ်..။ အားနည်းတဲ့ အ
သင်းတွေနဲ့ဆိုရင် သူတို့နှစ်ဦးစလုံး တိုက်စစ်လိုက်ပါခိုင်း
မှာ ဖြစ်ပေမယ့် တောင့်တင်းတဲ့ အသင်းများနဲ့ဆိုရင် တ
စ်ယောက်က ရွေ့လျားကစားပြီး (Shuttler) တစ်ေ
ယာက်ကို အထိုင်ကစားခိုင်းဖို့ များပါတယ်.(ဥပမာ- အဲ
ဗာတန်၊ စပါးပွဲများမှ ရာမီးရက်စ်နဲ့ မီးခေးလ်)..။ ဘေ
ယန် မြူးနစ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းများနဲ့ပ
ွဲများတော့ ရာမီးရက်စ်ကိုပါ ခံစစ်အဓိက ကစားခိုင်းတာ
တွေ့မိပါတယ်..။ ယခုရာသီ မော်ရင်ဟိုရဲ့ ကွင်းလယ်မှ
ာ ရာမီးရက်စ်ဟာ အဓိက ကစားသမား အင်ဂျင်စက် ဖြ
စ်ပါလိမ့်မယ်..။
ချယ်လ်ဆီးအသင်း ကွင်းလယ်အထိုင်ရဲ့ အဓိက အားန
ည်းချက်ကတော့ ကွင်းလယ်ကနေ ဘောလုံးဖြန့်ပေးမ
ယ့် Deep Lying Playmaker မရှိတာပဲ ဖြစ်ပါ
တယ်..။ ဒီပြ ဿ နာဟာ မနှစ်ကတည်းက ရှိနေတာဖြစ်ပြီး
ဒီလို ဘောလုံးဖြန့်ပေးမယ့်သူ မရှိတာကြောင့် တိုက်စစ်
မှူးများအတွက် လမ်းကြောင်းပွင့်ဖို့ ခက်နေသလို ပိတ်
ကစားတတ်တဲ့ အသင်းများနဲ့မှာလည်း ဂိုးရဖို့ ခက်နေ
တတ်ပါတယ်..။ ယခုလက်ရှိ ကွင်းလယ်အထိုင်
Double Pivot ကစားသမားများဟာလည်း အဝေး
ဘောများမှတဆင့် တိကျတဲ့ တိုက်စစ်လမ်းကြောင်း ဖန်
တီးရာမှာ ထူးချွန်သူတွေ မဟုတ်ကြပါဘူး..။
ကွင်းလယ် ဖန်တီးရှင်များ…
ဒီနေရာကတော့ မော်ရင်ဟိုရဲ့ အားအကောင်းဆုံး နေ
ရာပဲ ဖြစ်ပါတယ်..။ ကွင်းလယ် တိုက်စစ် (၃) နေရာ
အတွက် ဟက်ဇက်၊ မာတာ၊ အော်စကာ၊ ရှာရယ်လ်၊
ဝီလီယံ၊ ဒီ ဘရူးနေး ကစားသမား ခြောက်ယောက်အြ
ပိုင် နေရာလုနေရပါတယ်..။ အရေးအကြီးဆုံး ကစား
ကွက် ဖန်တီးရှင် နံပါတ် (၁၀) နေရာမှာတော့ မော်ရင်
ဟိုရဲ့အကြိုက်ဟာ အော်စကာပဲ ဖြစ်ပါတယ်..။ မော်ရ
င်ဟိုဟာ သူ့ရဲ့ကစားအား၊ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုနဲ့
ခံစစ်မှာ လိုက်ပါကစားနိုင်ခြင်းတို့ကို နှစ်ခြိုက်ခဲ့ပါတယ်
..။ ရာသီအစ ဟူးလ် စီးတီးနဲ့ပွဲစဉ်ကတည်းက အော်စ
ကာဟာ ပုံမှာ ပြထားတဲ့အတိုင်း တစ်ဖက်အသင်းက
ကစားကွက် ဖန်တီးမယ့် ကွင်းလယ်ကစားသမားတွေကို
မလှုပ်နိုင်အောင် ထိန်းချုပ်တားနိုင်သလို သူ့ရဲ့လှုပ်ရှားမှု
တွေကြောင့် တောင်ပံသမားတွေအတွက် နေရာလွတ်ေ
တွပါ ရနိုင်ခဲ့ပါတယ်..။ အထူးသဖြင့် ယခင်က မက်ခ
လီလီလို ကွင်းလယ်အဖျက်သမားစစ်စစ် မရှိတော့တဲ့အ
တွက် အော်စကာရဲ့ ခံစစ်ကို လိုက်ပါနိုင်စွမ်းဟာ မော်
ရင်ဟိုအတွက် အင်မတန်မှ အဖိုးတန်ခဲ့ပါတယ်..။ နော
က်ထပ် အော်စကာရဲ့ အားသာချက်ကတော့ ခံစစ်ကေ
န တိုက်စစ်ကို ပြောင်းတဲ့ Transitions များ၊ တန်ြ
ပန် တိုက်စစ်များမှာ ကောင်းမွန်ခြင်းပဲ ဖြစ်ပါတယ်..။
ဟူးလ်အလယ်တန်းသမားများကို ဖိအားပေးခဲ့တဲ့ အော်
စကာ၏ ကစားဟန်
အဲဗာတန်နဲ့ပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့အတွက် မာတာကို
မော်ရင်ဟိုက ခေါက်ထားခဲ့ပါတယ်..။ သို့ပေမယ့် စပိန်
ကွင်းလယ်ဖန်တီးရှင်ဟာ မော်ရင်ဟိုရဲ့ ပုံစံအတိုင်း အံ
ဝင်အောင် ပြန်လည်ကစားနိုင်ခဲ့တဲ့အတွက် စပါးအသင်
းနဲ့ ပွဲစဉ်ကစပြီး အသင်းရဲ့ ကွင်းလယ်ကို ပြန်လည်ဦးေ
ဆာင်၊ မောင်းနှင်နိုင်ခဲ့ပါတယ်..။ အထူးသဖြင်မာတာ
ဟာ ဘောလုံးပေးပို့ရာမှာ ပိုမိုတိကျပြီး အကွက်လည်း
မြင်တာကြောင့် ခံစစ်ပိတ်ပြီး အသေထိုင် ကစားနေတဲ့
ပြိုင်ဘက်များကို ထိုးဖောက်တဲ့အခါမျိုးမှာ ပိုပြီးသင့်တေ
ာ်ပါမယ်..။
ပရိသတ်များရဲ့အကြိုက်ကတော့ ဟက်ဇက်၊ မာတာ၊ေ
အ်ာစကာတို့ရဲ့ “MAZACAR” အတွဲဖြစ်ပေမယ့်
သူတို့သုံးယောက်စလုံးဟာ ဘောလုံးကိုင်ပြီး အတွင်းဘ
က်ကိုသာ တိုးဝင်နေတာကြောင့် ကစားကွက် ကျပ်တ
တ်တဲ့အပြင် တောင်ပံ ခံစစ်မှူးများပါ တိုက်စစ်ကို အလ
ွန်အကျွံ လိုက်ပါရတတ်ပြီး အသင်းဟန်ချက်ကို ထိခိုက်
တတ်ပါတယ်..။ မော်ရင်ဟိုအနေနဲ့ တောင်ပံ တိုက်စစ်
မှူးများကို နေရာချရမှာ ဘောလုံးကိုင်နိုင်မယ့် ဟက်ဇက်
(သို့) အော်စကာကို နောက်တစ်ဘက်ကနေ တောင်ပံ
အတိုင်း Down the line ကစားနိုင်မယ့် ရှာရယ်
လ်လို ကစားဟန် မတူတဲ့သူများနဲ့ တွဲဖက်ထားတာေ
တွ့မိပါတယ်..။ ဥပမာ- ဖူးလ်ဟမ်းနဲ့ပွဲမှာ လုပ်အားနှုန်း
ကောင်းတဲ့ ရှာရယ်လ်ကို ဘယ်တောင်ပံ တစ်လျှောက်
ကစားခိုင်းပြီး ကွင်းလယ်မှာ ဟက်ဇက်နဲ့ အော်စကာကို
ရွေ့လျား ကစားခိုင်းတာ တွေ့မိပါတယ်..။ ဒီလိုပါပဲ..
ယခုနောက်ဆုံး စတူအာ ဘူခါရက်စ်နဲ့ပွဲမှာလဲ ရှာရယ်
လ်ကို ဘယ်တောင်ပံ တစ်လျှောက် ကစားခိုင်းပြီး ကွင်း
လယ်မှာတော့ မာတာနဲ့ အော်စကာတို့ တစ်ယောက်
ကို တစ်ယောက် အကူအညီပေး..၊ တစ်ကွင်းလုံး လှုပ်
ရှား ကစားစေတာကို အောက်ပါပုံ (ပုံ- ၃၊ ပုံ- ၄) များ
မှာ တွေ့နိုင်ပါတယ်..။
ပုံ- ၃း မာတာနှင် အော်စကာတို့၏ နေရာယူပုံ (ဘယ်)
နှင့် ဘယ်တောင်ပံမှ ရှာရယ်လ်၏ လှုပ်ရှားမှု (ညာ)
ပုံ- ၄း မာတာ၏ ရွေ့လျားမှု (ဘယ်) နှင့် အော်စကာ၏
ရွေ့လျားမှုများ (ညာ)
လုပ်အားနှုန်း ကောင်းမွန်ုပြီး လျှင်မြန်တဲ့ ရှာရယ်လ်ဟ
ာ ရော်ဘင်အငယ်စားလို့ ပြောနိုင်သလို တောင်ပံတစ်ေ
လျှာက် အတက်၊ အဆင်းလုပ်နိုင်၊ ခံစစ်လည်း ကူနိုင်တဲ့
အတွက် မော်ရင်ဟိုအကြိုက် ကစားသမား ဖြစ်လာနိုင်
ပါတယ်..။ အထူးသဖြင့် ဂျာမနီ လက်ရွေးစင် လူငယ်ေ
တာင်ပံ ကစားသမားဟာ ဘယ်တောင်ပံ အစွန်ထွက်
ကစားတဲ့ နေရာမှာ ကစားပုံ ပိုမိုကောင်းမွန်တာကိုေ
တွ့မိပါတယ်..။
ဝီလီယံဟာ ထူးချွန်တဲ့ ကစားသမား တစ်ဦးဖြစ်ပေမယ့်
သူ့ကိုခေါ်ယူခဲ့မှုဟာ မလိုအပ်တဲ့ အပြောင်းအရွှေ့လို့
သတ်မှတ်နိုင်ပါတယ်..။ ဘရာဇီးလ် ကွင်းလယ်ကစား
သမားအနေနဲ့ အသင်းမှာ ပုံမှန် နေရာရနိုင်မလားဆိုတ
ာ ပြောရခက်နေသေးပေမယ့် သူ့ရဲ့နည်းစနစ် ကောင်း
မွန်မှု၊ လျှင်မြန်မှုနဲ့ တစ်ဦးချင်း ကျော်ဖြတ်နိုင်စွမ်းတြွေေ
ကာင့် တောင်ပံနဲ့ ကွင်းလယ်တွေမှာ ကစားကွက် အြေ
ပာင်းအလဲလုပ်ဖို့ အသုံးဝင်လာမှာ ဖြစ်ပါတယ်..။
ဂိုးမိုးခေါင်နေတဲ့ တိုက်စစ်မှူးများ..
ယမန်နှစ်က ၀က်စ်ဘရွန်းအသင်းမှာ ခြေစွမ်းပြ ဂိုးတေ
ွသွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး ရိုမီလူ လူကာကူကို အ
ဌားချလိုက်တဲ့ ဆုံးဖြတ်ချက်ဟာ ထူးဆန်းတယ်လို့ ပြော
ရမှာ ဖြစ်ပါတယ်..။ အဲဗာတန်အသင်းကို အဌားချလို
က်ခြင်းဟာ ရေရှည်အတွက်လို့ ငြင်းချက်ထုတ်နိုင်ပေမ
ယ့် သူ့ရဲ့ခြေစွမ်းဟာ အခုရာသီမှာကို အသင်းအတွက်
အသုံးဝင်မှာ မြေကြီးလက်ခတ်မလွဲပါပဲ..။ လူကာကူရဲ့
ကြံ့ခိုင်မှု၊ ပြေးအား၊ လုပ်အားနှုန်းနဲ့ ဂိုးသွင်းစွမ်းရည်ေ
တွဟာ All Round Sriker ကို နှစ်ခြိုက်တဲ့ မော်
ရင်ဟိုအတွက် အသင့်ဖြစ်နေပါပြီ..။ သို့ပေမယ့် ဒီလူင
ယ်တိုက်စစ်မှူး အသင်းကို ပြန်ရောက်လာဖို့တော့ အချိ
န်အတိုင်းအတာတစ်ခု စောင့်ရဦးမှာ ဖြစ်ပါတယ်..။
ယခုအချိန် မော်ရင်ဟိုရဲ့ လက်ကျန်တိုက်စစ်မှူးများထဲမှာ
တော့ အဓိက ဦးစားပေးဟာ ဖာနန်ဒို တောရက်စ်ပါ..။
သူ့ရဲ့ခြေစွမ်းဟာ ယမန်နှစ် ဥရောပပြိုင်ပွဲတွေမှာ ကော
င်းမွန်ခဲ့ပေမယ့် ၂၀၁၃ ခုနှစ်တစ်ခုလုံး ပရီးမီးယားလိဂ်
သွင်းဂိုး တစ်ဂိုးသာ ရပါသေးတယ်..။ တစ်ချိန်က သူ့ရဲ့
လျှင်မြန်တဲ့ ပြေးနှုန်းနဲ့ တစ်ဘက်နောက်တန်းတွေကိုေ
ကျာ်ဖြတ်နိုင်ခဲ့ပေမယ့် ယခုအချိန်မှာ တောရက်စ်ဟာ
တွဲလုံးများ၊ အမြင့်ဘောများနဲ့ ထိုးဖောက်ဖို့သာ ပိုပြီးကြို
းစားနေရပါတယ်..။ ဒီစွမ်းရည်နှစ်မျိုးလုံးဟာ သူ့ရဲ့ပိုင်နို
င်တဲ့ အားသာချက်တွေ မဟုတ်ပါဘူး..။
ဟူးလ် စီးတီးနှင့်ပွဲမှ ဖာနန်ဒို တောရက်စ်
တောရက်စ်ကို အားဖြည့်ဖို့ ဒမ်ဘာ ဘားကို မနှစ်ကေ
ခ်ါယူခဲ့ပေမယ့် သူရဲ့စွမ်းရည်ဟာ မော်ရင်ဟို လိုချင်တဲ့
အနေအထား ရှိနေပုံ မရပါဘူး..။ ဒမ္ဘာ ဘားဟာ
ယခုနှစ် အော်စတွန် ဗီလာနဲ့ပွဲမှာပဲ (၆၅) မိနစ် ကစား
ခဲ့ရပါသေးတယ်..။ ဒီ (၆၅) မိနစ်အတွင်းမှာ ဂိုးကန်သ
ွင်းခွင့် တစ်ကြိမ်သာ ရခဲ့တဲ့အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့
ရပါတယ်..။
ဝိန်း ရူနီကို စောင့်နေရင်း အချိန်ဖြုန်းခဲ့သော မော်ရင်ဟို
ဟာ အပြောင်းအရွှေ့ ရာသီပိတ်ခါနီးမှာတော့ ရုရှပြည်
မှာ သံချေးတက်နေတဲ့ တပည့်ဟောင်း ဆမ်မြူရယ် အီ
တိုးကို အလျှင်အမြန် ခေါ်ယူခဲ့ပါတယ်..။ ရောက်ရော
က်ချင်း ပွဲဦးထွက် အဲဗာတန်နှင့်ပွဲမှာပဲ ပွဲထွက်ခွင့် ရခဲ့ေ
ပမယ့် လျှင်မြန်မှု၊ ကြံ့ခိုင်မှုနှင့် ဘောလုံးအထိန်းအသိမ်း
တွေမှာ လိုအပ်ချက်များ ရှိနေခဲ့ပါတယ်..။ ဒါပေမယ့်
အခုနောက်ဆုံး စတူအာ ဘူခါရက်စ်နှင့်ပွဲမှာတော့ သူ
၏လှုပ်ရှားမှုများမှာ ပိုမိုကောင်းမွန်လာပြီး အသင်းနှင့် ပို
မိုအံဝင်လာတာကို တွေ့ရပါတယ်..။ စဉ်းစားစရာ ရှိတ
ာကတော့ အသက် (၃၂) နှစ်ရှိနေပြီဖြစ်တဲ့ ကင်မရွန်း
တိုက်စစ်မှူးအနေနဲ့ ပရီးမီးယားလိဂ်အတွက် လိုအပ်တဲ့
လျှင်မြန်မှု၊ နောက်တန်းလူများကို ကျော်ဖြတ်နိုင်မည့် စ
ွမ်းရည်တွေ ပြန်ရပါဦးမလား ဆိုတာပါပဲ..။ ဟိုဆေးေ
မ်ာရင်ဟို အနေနဲ့ သူယုံကြည်တဲ့ ကစားသမားများကို
အားကိုးတတ်တဲ့ အလေ့အကျင့်ရတာမို့ တစ်ချိန်က အ
င်တာ မီလန်မှာ အောင်အောင်မြင်မြင် လက်တွဲဖူးခဲ့ဖူး
တဲ့ အီတိုးဟာ အတိုင်းအတာ တစ်ခုထိတော့ နေရာရဖ
ွယ် ရှိနေပါတယ်..။
အဲဗာတန်နှင့် ပွဲဦးထွက် အီတိုး၏ လှုပ်ရှားမှုများ
အခုအချိန်အထိ တိုက်စစ်ပိုင်းမှာ အင်ဒရီ ရှာရယ်လ်
အပါအ၀င် ငါးယောက်အထိ စမ်းသပ်ခဲ့ပြီး ဖြစ်ပေမယ့်
သူလိုအပ်နေတဲ့ပုံစံ၊ ကစားကွက် အခင်းအကျင်းနဲ့ ကို
က်ညီမယ့် တိုက်စစ်မှူးကိုတော့ ရှာမတွေ့သေးဘူးလို့
ယူဆမိပါတယ်..။
ဘောလုံးပိုင်ဆိုင်မှုနဲ့ ပွဲချဉ်းကပ်ပုံများ..
ရာသီအစပိုင်းမှ ယခုအချိန်ထိ ချယ်လ်ဆီးအသင်း၏ ပွဲစ
ဉ်အလိုက် ဘောလုံးပိုင်ဆိုင်မှုများမှာ (၂၆%) နှင့်
(၆၉%) ကြားအထိရှိပြီး ကွာခြားချက် ကြီးမားလွန်းနေ
တာကို တွေ့ရပါတယ်..။ ဒါကြောင့် ခြေမငြိမ်ဘူးလို့ြေ
ပာနိုင်ပေမယ့် ပြိုင်ဘက်တွေရဲ့ အရည်အသွေး ကွာခြာ
းချက်ဟာလည်း တစ်စိတ်၊ တစ်ဒေသ ပါဝင်ပါတယ်..။
ဥပမာအားဖြင့် ဖူးလ်ဟမ်း၊ အော်စတွန် ဗီလာတို့နဲ့ အိမ်
ကွင်းပွဲတွေမှာ ဘောလုံးပိုင်ဆိုင်မှု (၆၄%) ကနေ
(၆၉%) အထိ ရှိခဲ့သလို ဂွာဒီယိုလာရဲ့ ဘေယန် မြူးန
စ်နဲ့ပွဲမှာ ဘောလုံးကို ခြေထဲလုံးဝမထားပဲ ထိုင်ကစားခဲ့
တာမျိုးလည်း ရှိပါတယ်..။ ဒါပေမယ့်လည်း ထူးခြားချ
က်အနေနဲ့ ပွဲတစ်ပွဲထဲမှာကိုပဲ အသင်းရဲ့ ကစားပုံဟာ
သိသိသာသာကြီး ခြားနားသွားတာကိုလည်း သတိပြုမိ
နိုင်ပါတယ်..။
ဟူးလ် စီးတီးနဲ့ပွဲမှာ ပထမပိုင်း မိနစ် (၂၀) အတွင်းေ
ဘာလုံးပိုင်ဆိုင်မှု (၇၁%) အထိ ရှိခဲ့ပြီး နှစ်ဂိုးအသာ ရ
ရှိသွားချိန်မှာတော့ ကစားရှိန်ချ ထိုင်ကစားလိုက်ရာမှာ
ဘောလုံးပိုင်ဆိုင်မှု (၄၃%)၊ ဒုတိယပိုင်း တစ်ခုလုံးေ
ဘာလုံးပိုင်ဆိုင်မှု (၄၇%) ပဲ ရှိခဲ့ပါတယ်..။ ဒါ့ကြောင့်
တစ်ပွဲလုံးရဲ့ ဘောလုံးပိုင်ဆိုင်မှု (၅၁%) ဟာ အသင်း
ရဲ့ ကစားပုံကို ကိုယ်စားမပြုနိုင်သလို ဖြစ်ခဲ့ပါတယ်..။
ထို့အတူ အဲဗာတန်၊ စပါးတို့နဲ့ပွဲတွေမှာလည်း ပထမပိုင်
းနဲ့ ဒုတိယပိုင်း ကစားပုံ၊ ဘောလုံးပိုင်ဆိုင်မှုများဟာ သိ
သိသာသာကြီး ခြားနားတာကို တွေ့ရပါတယ်..။
အဲဗာတန်နှင့်ပွဲ ပထမပိုင်း ကစားပုံ (ဘယ်) နှင့် ဒုတိ
ယပိုင်း ကစားပုံ (ညာ)
နောက်တစ်ချက်အနေနဲ့ မော်ရင်ဟိုရဲ့ သင်္ကေတဖြစ်တဲ့
လျှင်မြန်တဲ့ တန်ပြန်တိုက်စစ်တွေဟာ အစောပိုင်းပွဲတေ
ွမှာ လုံးဝအသက်မ၀င်ခဲ့ပါဘူး..။ တောင်ပံတွေကို တို
က်ရိုက် ဘောလုံးပေးပို့မှု မကောင်း၊ ခံစစ်ဇုန်အတွင်းမှ
တိုက်ရိုက်ပေးပို့မှုများကလည်း လိုရာမရောက်တဲ့အပြင်
ခံစစ်မှ တိုက်စစ်သို့ ပြောင်းလဲတဲ့ Transition များ
နှေးကွေးတာကြောင့် တန်ပြန်တိုက်စစ်များ မထိရောက်
ရတာ ဖြစ်ပါတယ်..။ သို့ပေမယ့် အခုနောက်ဆုံးကစား
ခဲ့တဲ့ စတူအာ ဘူခါရက်စ်နဲ့ပွဲမှာတော့ တန်ပြန်တိုက်စစ်
ကနေ ရာမီးရက်စ်က အဆုံးသတ်သွားနိုင်ခဲ့တာ တွေ့မိ
ပါတယ်..။
တန်ပြန်တိုက်စစ်မှ ရခဲ့တဲ့ ရာမီးရက်စ်၏ အဖွင့်ဂိုး
ထို့အပြင် အဲဗာတန်နဲ့ပွဲမှာ ဂိုးလိုနေတဲ့ မော်ရင်ဟိုဟာ
အက်ရှ်လေ ကိုးလ်အစား တောရက်စ်ကို လူစားလဲ၊ နေ
ာက်တန်း သုံးယောက်တန်း ခံစစ်ထိုင်၊ ရာမီးရက်စ်နဲ့ မီ
ခေးလ်ကို ခံစစ်ကြောင်းကူဖို့ တာဝန်ပေးပြီး တိုက်စစ်မှူး
နှစ်ဦးတင်ဆော့တဲ့ “Plan B” ကို စမ်းသပ်ခဲ့ပါတယ်
..။ သူ့ရဲ့ Plan B ဟာ ချယ်လ်ဆီးအသင်း ပထမအြ
ကိမ် ကိုင်တွယ်စဉ်နဲ့ ရီးရဲလ် မက်ဒရစ်တို့မှာ အလုပ်ဖြစ်
ခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ အသင်းဟန်ချက်ပါ ပျက်
သွားရပါတယ်.။ နောက်တစ်ကြိမ် ဘေဆယ်လ်နဲ့ပွဲမှာေ
တာ့ Double Pivot က ဖရန့် လမ်းပတ်ကိုထုတ်ပြီး
ဒမ်ဘာ ဘားကို ထည့်သွင်းကာ သူတစ်ချိန်က အောင်ြ
မင်ခဲ့တဲ့ ၄-၁- ၃- ၂ ပုံစံနဲ့ ဂိုးရဖို့ ကြိုးစားခဲ့ပါတယ်..။
သို့ပေမယ့် သူ့ရဲ့ Plan B နှစ်ခုစလုံး အလုပ်မဖြစ်ခဲ့တ
ာမို့ မော်ရင်ဟိုအတွက်တော့ နောက်ထပ်ဖြေရှင်းရမယ့်
ပုစ္ဆာ တစ်ပုဒ် ကျန်နေသေးတယ်လို့တော့ ပြောရမှာ ဖြစ်
ပါတယ်..။
နိဂုံးချုပ်
တဖြည်းဖြည်းနဲ့ ပုံပေါ်လာပြီဖြစ်တဲ့ မော်ရင်ဟိုရဲ့ ချယ်
လ်ဆီးအသင်းမှာ နည်းစနစ်ပိုင်း အသစ်အဆန်းတွေ မြ
င်တွေ့ရဖွယ် မရှိပါဘူး..။ ဘိုအက်ရှ် စတင်ခဲ့တဲ့ အမြန်
ပေး၊ ဖိအားပေး၊ High Defence Line စီမံကိန်း
ကျရှုံးပြီး၊ ဒီမက်တီယိုရဲ့ ကွင်းလယ်ဖန်တီးရှင် ပါရီမီရှင်
ကစားသမား သုံးယောက်ကို အခြေပြု တိုက်စစ်အသား
ပေး စီမံကိန်း ကျရှုံးပြီး၊ ဒီတစ်ကြိမ် သူ့ရဲ့ပြုပြင် ပြောင်း
လဲရေးဟာတော့ ယခုရှိနေတဲ့ အရည်အသွေးမြင့် ပါရမီ
ရှင် လူငယ်လေးများကို ယခင်အသင်းဟောင်းမှာ အံဝင်
အောင် သွတ်သွင်းခြင်းပဲ ဖြစ်ပါမယ်..။ တစ်နည်းအာြး
ဖင့် ကစားသမားများနဲ့ သင့်တော်မယ့် ကစားကွက်ပုံစံ
ဖန်တီးခြင်း မဟုတ်ပဲ သူ့ရဲ့လိုချင်တဲ့ ပုံစံထဲကို ကစားသ
မားများအား အံဝင်အောင် သွတ်သွင်းခြင်းပဲ ဖြစ်ပါတ
ယ်.. (ဥပမာ- ဂျူအန် မာတာ)။
သို့ပေမယ့်လည်းပွဲစဉ်အနေအထားပေါ် မူတည်ပြီး တစ်
ပွဲနဲ့ တစ်ပွဲ ပြောင်းလဲနေမယ့် မော်ရင်ဟိုရဲ့ ကစားကွက်
၊ မှန်းဆရခက်မယ့် ပွဲချဉ်းကပ်ပုံ စတာတွေဟာ အခုနှစ်
ချယ်လ်ဆီးအသင်းကို လေ့လာသူများအတွက်တော့ စိ
တ်ဝင်စားဖွယ်ရာပဲ ဖြစ်နေမှာပါ..။ အချုပ်အားဖြင့် ဆိုရ
ရင်တော့ အခုနှစ် ဘောလုံးရာသီမှာ မော်ရင်ဟိုအနေနဲ့
ပုံစံကျ ကစားကွက် တစ်ခု (Overall System)
ကို ဖန်တီးမှာ မဟုတ်ပဲ တစ်ပွဲချင်းအပေါ် မူတည်ပြီး န
ည်းစနစ် အပြောင်းအလဲများ လုပ်သွားဖို့သာ များနြေေ
ကာင်း မှန်းဆ၊ သုံးသပ်လိုက်ရပါတယ်..။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment