Wednesday, October 16, 2013
=== သိကြားမင်းကြီးထံသို့ ( ဟာသ ) ===
********************************
တစ်ခါတုန်းကပေါ့ဗျာ...
ရွာကြီးတစ်ရွာမှာ ငပေဆိုတဲ့လူတစ်ရောက်ရှိတယ်ဗျ...
ငပေကအရမ်းဆင်းရဲတယ် မိဘလဲမရှိ ဆွေမျိုးလဲမရှိ ဇနီးမယားသားသမီးလဲမရှိဘူးဗျ...
ရပ်ထဲရွာထဲ ကြုံရာအလုပ်ကိုလုပ်ရင်း ဝမ်းရေးအတွက်ဖြေရှင်းနေရတဲ့ သူပေါ့...
တစ်နေ့တော့ ငပေတစ်ရောက် ကျန်းမာရေးမကောင်းဘူး အလုပ်လဲမလုပ်နိုင်ရှာဘူးလေ...
တစ်နေ့စာ တစ်နေ့မနဲ့ရှာစားနေရတဲ့သူဆိုတော့ သူလဲကျန်းမာရေးမကောင်းရော
ငပေဒုက္ခရောက်တော့တာပေါ့ ဆေးကုဘို့လဲမရှိ စားဘို့လဲမရှိနဲ့ ငပေဘာလုပ်ရမှန်းမသိ
ဖြစ်နေတာပေါ့ဗျာ...။
ဒီတော့ ငပေစဉ်းစားတယ် “ ငါဘယ်လိုလုပ်ရပါ့မလဲ ဒီအတိုင်းနေကြာရင် ငါသေသွားနိုင်တယ်
ငါတစ်ခုခုတော့လုပ်မှဖြစ်မယ် ” ငပေစဉ်းစားတယ် ဒါပင်မဲ့အကြံကလဲထွက်မလာဘူး။..
ညညလဲအိပ်မရ နေ့ခင်းလဲအလုပ်မလုပ်နိုင် ငပေတစ်ရောက် ဒုက္ခတွေအကြီးအကြယ်ရောက်
နေတာပေါ့။
အဲလိုနဲ့ ငပေစဉ်းစားရင်း တစ်နေ့တော့ အကြံတစ်ခုရရောဗျ ...
သူရတဲ့အကြံက လူကြီးသူမတွေပြောတဲ့စကား သူကြားဘူးထားတာရှိတယ်လေ...
“ လူခံတွင်းဆိုတာ လူထွင်းတဲ့ခံတွင်းမဟုတ်ဘူး နတ်ထွင်းတဲ့ခံတွင်း
ဘယ်တော့မှငတ်ပြီး မသေနိုင်ဘူး လိုအပ်ရင်နတ်တွေသာ တိုင်တည်လိုက်
နတ်တွေက အကူအညီပေးတက်တယ် ” လူကြီးတွေကတော့ဘယ်လိုပြောတယ်မသိဘူးပေါ့ဗျာ
ငပေကတော့ နားစွန်နားဖြားကြားတာ ခုမှသူသတိရတယ် ဒုက္ခရောက်လာတော့လဲ
တွယ်မိတွယ်ရာဆိုတာလိုပေါ့ဗျာ...။
ဒါနဲ့... ငပေသူလုပ်ငန်းကိုစပါတော့တယ် သူစဉ်းစားတာကတော့ ( နည်းလိုချင်မှတ်ထားကြနော်)
“ ငါအခုဒုက္ခရောက်နေတယ်.. ငါ့ကိုကယ်နိုင်တာဆိုလို့ နတ်တွေ သိကြားတွေဘဲရှိတယ် ဒီတော့
နတ်တွေထဲမှာလဲ သိကြားမင်းက အကြီးဆုံးလို့ပြောကြတယ် ဒီတော့ငါ အခုငါဒုက္ခရောက်နေ
တာ သိကြားမင်းဆီအကူအညီတောင်းရမယ်...အင်းးး...ဟုတ်တယ်...
ပြောနေကြာတယ် ခုပဲအကူအညီတောင်းမယ်ကွာ ” ဆိုပြီးစဉ်းစားတယ်....။
ဒါပင်မဲ့ ငပေဘယ်လိုလုပ်ရမှန်းမသိဘူးလေ ဒါနဲ့ထပ်စဉ်းစားပြန်တယ် ....။
“ အကူအညီတောင်းတာတော့ ဟုတ်ပါပြီ ငါဘယ်လိုတောင်းရပါ့ ”
အဲဒိလိုစဉ်းစားရင်း သူအကြံတစ်ခုရသွားတယ် “ ရွာထဲက ဦးသာလှဆိုရင် သူငွေပြတ်ရင်
မြို့ကသူသားတွေ သမီးတွေဆီစာရေးပြီး လှမ်းတောင်းလေ့ရှိတယ် ဟုတ်ပြီ....ငါလဲသိကြားမင်းဆီ
စာရေးပြီး အကူအညီတောင်းမယ် ”...
အဲ့ဒိမှာ ငပေဟာသူအကြံကိုအကောင်အထည်ဖေါ်ပါတော့တယ် ငယ်ငယ် ရေးတက်ဖက်တက်လောက်
တော့ သူလဲသင်ထားဘူးတယ်ဗျ ရွာဦးကျောင်းမှာလေ ( ကျွန်တော်လိုပေါ့ဗျာ ဟိဟိကြုံတုန်းဝင်
ကြွားခြင်းဖြစ်သည် ) ဒါနဲ့ငပေ စာရေးပါတော့တယ် စာလဲရေးပြီးရော စာအိပ်မှာ...
သိကြားမင်းကြီးထံသို့လို့ လိပ်မူပြီး မြို့ကိုတက် စာတိုက်ကိုသွားပြီး ထည်လိုက်ပါတော့တယ်။...
. အဲ.... အဲဒိမှာပြဿနာတက်တာက စာပို့သမားဗျ သူကစာတွေ စာတိုက်ပုံးဆီလာလဲထုပ်ရော
စာတွေ အားလုံးကသူလိပ်စာနဲ့သူ အသီးသီးပါပြီးသားလေ ဒါပင်မဲ့ ငပေစာကထူခြားနေတယ်
သိကြားမင်းကြီးထံသို့ ဆိုတော့ စာပို့သမားဘာလုပ်ရမှန်းမသိဘူးဖြစ်သွားတယ်...။
တဖက်ကကြည့်ပြန်တော့လဲပြန်ပို့ရမယ်လိပ်စာက မပါ ဒီတော့စာပို့သမားက ကဲမထူးပါဘူး..
အထဲထဲ ဖောက်ကြည့်ရင်တော့ လိပ်စာတွေ့နိုင်ကောင်းပါတယ် လိပ်စာတွေ့ရင်ပြန်ပို့ရအောင်
ဆိုပြီး စာကိုဖောက်လိုက်ပါတော့တယ် စာအိပ်ဖောက်ပြီး ဖက်လိုက်တယ်ဆိုရင်ပဲ..။
ငပေရေးထားတာကတော့....။
သိကြားမင်းကြီးခင်ဗျာ.....
ကျွန်တော်ငပေဒုက္ခရောက်နေပါတယ် ကျွန်တော်မှာမိဘလဲမရှိ ဆွေမျိုးလဲမရှိ သားသမီးလဲမရှိဆိုတော့ကျွန်တော်တစ်ရောက်ထဲကျန်းမာရေးကလဲမကောင်းပါဘူးခင်ဗျာ
ဒုက္ခတွေအကြီးအကျယ်ရောက်နေပါတယ်သို့ပါသောကြောင့် အရှင်သိကြားမင်းအနေနဲ့
ကျွန်တော်ကိုကူညီသောအား သနားသောအားဖြ**့ ငွေ (၅၀)လောက်ပို့ပေးပါဗျာ
( အဲဒိခေတ်တုန်းက ငွေ(၅၀) တော်တော်တန်းဖိုးရှိတယ်ပြောတယ်ဗျ)
သိကြားမင်းကြီး ကူညီပေးတော်မူပါ
ပုံ.....ငပေ
...............ကျေးရွာ..............မြို့နယ်
............တိုင်း
စာပို့သမားလဲ စာကိုဖက်ပြီးအကြံတော်တော်အိုက်သွားတယ် သူဘာလုပ်ရမှန်းမသိဘူးဖြစ်သွား
နောက်သူစဉ်းစားတယ် “ အင်း.......သူခမျာတော်တော်ဒုက္ခရောက်နေပုံရတယ်
ကူညီလိုက်မယ်ဆိုရင် ငါလဲကုသိုလ်ရတယ် ငါလဲတစ်ရောက်ထဲသမားကိုယ်ချင်းစားတယ်
ဒိတော့ငါသူ့ကိုကူညီလိုက်မယ် ဒါပင်မဲ့ အကုန်လုံးတော့ငါလဲမတက်နိုင်ဘူး ဒိတော့...
ငါတက်နိုင်သလောက်ကူညီလိုက်မယ် ” ဆိုပြီးတော့..
သူကူညီလိုက်ရင် ပြီးသွားမယ်ထင်တာနဲ့ စာတွေဘာတွေရေးမနေပဲနဲ့
စာပို့သမားဟာ သနားတာနဲ့ စာအိပ်ထဲပိုက်ဆံထည့်ပြီး လူကြုံရှာပြီး ပြန်ပို့ပေးလိုက်ပါတယ်..
ဒါပင်မဲ့...ဒီပြဿနာက ဒီတွင်မရပ်သွားဘူးဗျ...
နောက်တစ်ပတ်လောက်နေတော့ စာတိုက်ထဲကို ငပေဆီကစာ နောက်တစ်စောင်ထပ်ရောက်နေ
ပါလေရော..။ စာပို့သမားလဲအံ့သြသွားတယ် ဒါနဲ့ အရင်လိုပဲစာကိုဖောက်ဖက်လိုက်ပါတယ်...။
ငပေထပ်ရေးပေးလိုက်ပြီး ပို့လိုက်တာကတော့
သိကြားမင်းကြီးခင်ဗျား.............
သိကြားမင်းကြီးဟာ ဒုက္ခရောက်သူတွေကို ကူညီတယ်ဆိုတာ
အခုတော့ကျွန်တော်ငပေသိလိုက်ရပါတယ် သိကြားမင်းကြီး
ကိုကျေးဇူးတင်ပါတယ် ဒါပင်မဲ့သိကြားမင်းကြီးရယ်..
သိကြားမင်းကြီးကသာ အကူအညီပေးတာလူတွေကမရိုးသားဘူးဗျ
သိကြားမင်းကြီးပို့လိုက်တဲ့ ပိုက်ဆံ ၅၀ ကျွန်တော်ဆီအကုန်မရောက်ပါဘူးခင်ဗျ ကြည့်ရတာတော့ စာပို့သမားဟာ ၂၅ ကျပ်ဖြတ်သုံးထားပုံရပါတယ်
ဒါကြောင့် သိကြားမင်းကြီးအနေနဲ့ ထပ်ပြီးကူညီနိုင်မယ်ဆိုရင်
ကျွန်တော်ငပေဆီကို နောက်ထပ် ငွေ ၂၅ ကျပ်ထပ်ပို့ပေးစေချင်ပါတယ်
သိကြားမင်းကြီးအားလဲ အထူးကျေးဇူးတင်ရှိပါကြောင်း....။
သိကြားမင်းကြီးထပ်ပို့မယ်ငွေအား ကျွန်တော်မျိုးမျှော်နေပါ့မယ်...
ငပေ....
...........ရွာ...............မြို့နယ်
............တိုင်း
စာလဲဖက်ပြီးရော စာပို့သမားဟာ ကိုယ့်နဖူးကိုယ်ရိုက်ပြီး ဟိုက်ဆိုဖြစ်သွားပါတော့တယ်...
ဒါပင်မဲ့ ထပ်ပြီးတော့သူမကူညီတော့ပါဘူး ...။
ငပေကတော့ ငွေမရောက်လို့ဆိုပြီး သိကြားမင်းကြီးထံသို့လို့လိမ်မူပြီး စာတွေပို့မြဲပါ...။
စာပို့သမားကတော့ ငပေစာဆိုရင် ယောင်လို့တောင်ဖေါက်မကြည့်တော့ဘူးတဲ့....။
“ သူငယ်ချင်းတို့ဒီဟာသပို့စ်ကိုဖက်ပြီး ဘဝအမောများပြေပျောက်ပါစေဗျာ...”
``` သူငယ်ချင်းတို့ရေ ယခုဟာသလေးကိုဖက်ပြီး ဟာသအမြင်ရော အတွေးတစ်တခုခုပါ
သူငယ်ချင်းတို့တွေးမိလိုက်မယ် ကျွန်တော်ယုံကြည်ပါတယ်´´´
( ကိုယ်တိုင်တွေး၍ ရေးထားပါသည် အမှားပါရင်ခွင့်လွှတ်ပေးကြပါရန် )
**********************************************************************
Subscribe to:
Post Comments (Atom)
No comments:
Post a Comment