Monday, October 21, 2013
Saturday, October 19, 2013
ငွေရှာဆိုဒ်
မိနစ်အနည်းငယ်စာ
မြည်းစမ်းကြည့်ကြမယ်
ခေတ်ရေစီးရဲ့ ပြောင်းလဲလာတဲ့ သံစဉ်တွေနောက်
မိုးစက်မိုးပေါက်နှယ်
ပုံစံပြောင်းအသွင်နဲ့
တစ်ရက်လောက်ဖြစ်ဖြစ်
စိတ်ရှည်ကြည့်ကြမယ်....
တကယ်လို့များ
ကိုယ်ဖန်တီးတဲ့ လက်ရာတစ်ခု
ပီပြင်လာခဲ့ရင်တော့
ထမင်းတစ်လုပ် အလှူတစ်ခု
ငါပြုမိမှာ အမှန်ပဲ....
တကယ်လို့များ
မမှန်မကန် ပြောင်းပြန်အချိုးကျ
လွဲခဲ့ရရင်တော့
ကီးဘုတ်ခလုတ် လက်ဆန့်ထုတ်လို့
ကလစ်တစ်ချက် လက်ဖြစ်သရုပ်
ဝက်ဆိုက်ထုတ်နုတ်
ကြည့်တကုပ်ကုပ်
သရေကန်တဲ့ ဘောလုံးပွဲပမာ။။။။။
Friday, October 18, 2013
Thursday, October 17, 2013
ဟုတ်တာ မဟုတ်တာကတော့ ဦးစံရှား တွတ်ချက်မှုနှင့်သာ ဆိုင်ပါကြောင်း ... .......................................
ဦးစံရှားက က ဒီလို ဆိုတယ် ....
ဒီလို ကိုသိမ်းမောင်ရဲ့ Trader ဗုံးဖောက်သူက လူညံ့တော့မဟုတ်ဘူးဗျ။ လူဆိုးလဲမဟုတ်ဘူး၊ စိတ်ကောင်းလည်းအင်မတန်ရှိတဲ့ လူသားဆန်တဲ့လူငယ်လေးတစ်ဦးဗျ။ ကြည့်လေ၊
ကရင်ပြည်နယ် တောမြို့လေးကနေရန်ကုန်တက်လာတယ်။ ဆင်းရဲသား လက်လုပ်လက်စားတွေတည်းခိုလေ့ရှိတဲ့ Traders ဟိုတယ်မှာဘဲတည်းတယ်။ စားတော့လည်း လမ်းဘေး western park လိုဆိုင်မှာဘဲစားလေ့ရှိတယ်ဗျ။ ဒါပေမဲ့ခရီးသွားတာတော့စူပါမင်းလို စပိုင်ဒါမင်းလို မြန်တယ်ဗျ။ စော်ဘွားကြီးကုန်း၊ သာကေတ လှစ်ကနဲ၊ လှစ်ကနဲ။
ပြီးတော့ဥာဏ်သွားပုံက သူတည်းခဲ့တဲ့အခန်းမှာဘဲ ဗုံးထောင်ထားခဲ့သေးဗျာ။ ပြီးတော့ ထောက်လှမ်းရေးနဲ့ဥာဏ်ကစားဖို့အတွက် မှတ်ပုံတင်တောင် taxi ပေါ်ထားခဲ့သေးဗျာ။နောက်ပြီး အဝေးပြေးလမ်းမပေါ်မှာ
ဆိုင်ကယ်ကယ်၇ိနဲ.ခ၇ီးသွားတာ။တော်တော်.ကိုဥာဏ်ပြေးတဲ့ကောင်ဗျာ။အဲဒိလူကိုမြန်မာနိုင်ငံပြည်သူရဲတပ်ဖွဲ.ကြီးက
ခက်ခက်ခဲခဲပင်ပင်ပန်းပန်းနဲ.ကြိုးကြိုးစာစားဖမ်းလိုက်တယ်ဗျ။ချီးကြူးစရာပဲနော်
သိပ်စေ့စပ်တဲ့တပည့် ရယ်မောပျော်ရွှင်နိုင်ပါစေ
ဆရာ ။ ။ဟေ့ရောင်ငါ့ကိုအအေးတစ်ဘူးလောက်သွားဝယ်ပေးစမ်း။
တပည့် ။ ။ဘာသောက်မလဲဆရာ။
ဆရာ ။ ။ကိုလာ။
တပည့် ။ ။အေးတာယူမလား၊မအေးတာယူမလားဆရာ။
ဆရာ ။ ။အေးတာယူခဲ့။
တပည့် ။ ။သံဗူးလား၊ပလတ်စတစ်ဘူးလားဆရာ။
ဆရာ ။ ။ခွီးးးးပလတ်စတစ်ပဲယူခဲ့။
တပည့် ။ ။1လီတာလား0.5လီတာလားဆရာ။
ဆရာ ။ ။ခွီးးးးတော်တော်ရေတစ်ခွက်ပဲခပ်လာခဲ့။
တပည့် ။ ။ရေသန့်ဗူးထဲကလား၊ရေအိုးထဲကလားဆရာ။
ဆရာ ။ ။ကတောက်ဒီတိရစ္ဆာန်ကတော့ကွာ။
တပည့် ။ ။ခွေးလားနွားလားဟင်။
ဆရာ ။ ။အေဘေးငါ့ရှေ့ကထွက်သွားစမ်း။
တပည့် ။ ။အခုလားခဏနေရင်လားဆရာ။
ဆရာ ။ ။ငါမင်းကိုသတ်မိတော့မယ်နော်.....ဟွင်းဟွင်း။
တပည့် ။ ။ဓားနဲ့ထိုးမှာလားသေနတ်နဲ့ပစ်မှာလားဆရာ။
ဆရာ ။ ။တောင်းပန်ပါတယ်ငါ့ကောင်ရယ်ရှိကြီးခိုးပါတယ်အဟင့်ဟင့်။
တုံးအသူ သုံးယောက်နှင့် တတိယငတုံး (ဟာသ) ===
တစ်ခါက လူတစ်ယောက်ရှိတယ်။ သူကသူ့ကိုယ်သူ ပညာရှိလို့ အထင်ကြီးနေတဲ့သူပေါ့။ သူ့ တပည့် အခြွေအရံတွေကလည်း သူ့နားမှာဝိုင်း မြှောက်ပင့်စားနေတာပေါ့။ ဒီလိုနဲ့ တစ်နေ့ သူ့တပည့်တွေထမ်းလာတဲ့ ဝေါယာဉ်ပေါ်မှာ မိန့်မိန့်ကြီးထိုင်လို့ မြို့ထဲကိုထွက်လာရော လမ်းတစ်နေရာလည်းရောက်ရော လူတွေက သူ့ကို “ ငတုံးကြီး ” ဆို လက်ညိုးဝိုင်းထိုးပြီး အော်လှောင်ကြပါလေရော။
ဒီတော့ ပညာရှိဆိုသူက သူ့တပည့်ကို “ လူတွေက ငါ့ကို ငတုံးကြီးလို့ ခေါ်နေပြီ..သွားစမ်းကွာ မင်း ငတုံးသုံးယောက် ရအောင်အမြန်သွားရှာ ဖမ်းခေါ်လာခဲ့။ သူတို့ရှိမှ ငါခံသာမှာ။ မြန်မြန်သာသွားရှာချေ” လို့အမိန့်ပေးလိုက်တယ်။
ဒါနဲ့ တပည့်လုပ်သူလည်း ငတုံးရှာပုံတော် ဖွင့်တော့တာပေါ့။ မြို့တစ်နေရာရောက်တော့ လူတစ်ယောက်က ခေါင်းပေါ်မှာ လေးပင်တဲ့အထုပ် တစ်ထုပ်ရွက်လို့ မသက်မသာပုံစံနဲ့ မြင်းစီးလာတာ တွေ့လိုက်ရတယ်။ ဒါနဲ့ “ ခင်ဗျားက ဒီလောက်လေးတဲ့အထုပ်ကို ဘာလို့မြင်းပေါ်တင်မစီးဘဲ ခေါင်းပေါ်ရွက်လာရတာလည်း ” လို့ မေးတယ်။ ဒီတော့ မြင်းနဲ့လူက ” ဒီလိုလုပ်မှ ကျုပ်မြင်းသက်သာမှာပေါ့ဗျ ” လို့ပြောတယ်။ တပည့်လည်း ၀မ်းသာသွားတယ်။ “ ခင်ဗျားက ငတုံးဘဲ။ လာကျုပ်နောက်က လိုက်ခဲ့။ ရုံးတော်ကို သွားကြမယ်” ဆို ဖမ်းခေါ်လာခဲ့တယ်။
ဒီလိုနဲ့သွားရင်း မြို့အ၀င်ဂိတ်ကို ရောက်လာတယ်။ အဲ့ဒီမှာ လူတယောက် ၀ါးလုံးတစ်လုံးနဲ့ မြို့အ၀င်ဂိတ်ကိုဖြတ်မရဘဲ အခက်ခဲတွေ့နေတယ်။ သူက၀ါးလုံးကို အလျှားလိုက် လျိုမထည့်ဘဲ ဒေါင်လိုက်ထောင်ဝင်တော့ နိမ့်တဲ့အ၀င်ဂိတ်ထက် ပိုရှည်နေတဲ့ဝါးလုံးက ကန့်လန့်ဖြစ်ပြီး ၀င်မရဖြစ်နေတော့တာပေါ့။ ဒီတော့ တပည့်လုပ်သူက ” ခင်ဗျားလည်း နောက်ထပ်ငတုံးတစ်ယောက်ဘဲ။ ကျုပ်နဲ့လိုက်ခဲ့” ဆိုပြီး သူ့ဆရာပညာရှိဆိုသူရဲ့ အိမ်ကိုခေါ်လာခဲ့တယ်။
အိမ်ကိုရောက်တော့ ” တပည့်တော့ ငတုံး၂ယောက် ရလာပါပြီဆရာ.. နောက်တစ်ယောက်ဘဲ လိုပါတော့တယ် ” လို့ပြောတော့ ပညာရှိဆိုသူက ၀မ်းသာအားရနဲ့ ” ငတုံးတွေရလာပြီပေါ့၊ သူတို့ဘာလုပ်ခဲ့လဲ ဆိုတာအတိအကျ လျှောက်တင်စမ်း” လို့ပြောတယ်။
ဒီတော့တပည့်က ” တစ်ယောက်က မြင်းသက်သာအောင် ခေါင်းပေါ်အထုပ်တင်ပြီး မြင်းကိုစီးတယ်.. ကျန်တစ်ယောက်က မြို့တံခါးကို ၀ါးလုံးရှည်တစ်လုံးနဲ့ ၀င်မရဖြစ်နေလို့ပါ “ လို့လျှောက်တင်လိုက်တယ်။
အဲ့ဒီတော ပညာရှိဆိုသူက ဟက်ဟက်ပက်ပက်ရယ်ရင်း..“ ဟား..ဟား..ဟား မင်းတို့ဟာ တကယ့်ကိုငတုံးတွေဘဲ၊ လာ..လာ မင်းတို့ကိုပိုပြီးတော်လာအောင် ငါပြုပြင်ပေးမယ် “
“မြင်းနဲ့လူ.. မင်းက မြင်းရဲ့အလျားထက်ပိုရှည်တဲ့ တုတ်တစ်ချောင်းရှာ.. ပြီးရင်တုတ်ထိပ်မှာ မင်းရဲ့လေးလှပါတယ်ဆိုတဲ့အထုပ်ကိုမြဲမြဲချည်.. ပြီင်္းတော့အဲ့ဒီအထုပ်ကို ပုခုံးမှာထမ်းပြီး မြင်းစီးသွားရင် မင်းရဲ့မြင်း သက်သာသွားလိမ့်မယ်.. “
“နောက်..၀ါးလုံးနဲ့လူ.. မင်းက လွှတစ်ချောင်းရှာလိုက်၊ ပြီးရင်မြို့တံခါးမှာသွားတိုင်း.. တံခါးထက်ပိုရှည်ထွက်နေတဲ့ အပိုင်းကိုလွှနဲ့ဖြတ်လိုက်.. ဒါဆိုမြို့ဂိတ်ဝတံခါးကို မင်းဖြတ်လို့ရသွားလိမ့်မယ် ” လို့ပြောလိုက်တယ်။
အဲ့ဒီတော့ ပညာရှိဆိုသူရဲ့တပည့်က သူ့ဆရာကို အခုလိုပြောလိုက်တယ်။
“ဆရာရေ.. တတိယငတုံးကို တပည့်သွားရှာစရာ မလိုတော့ဘူးဗျ..”.....
အဟဲ့ သူငယ်ချင်းတို့ပြုံးပြီး ပျော်ရွှင်နိုင်ပါစေ .........................
“ ဟာသနှစ်သက်သော သူငယ်ချင်းများအတွက် ကျွန်တော်ရှာဖွေ တွေး၍ရသမျှတင်ပေး
နေပါ့မယ် ဖက်ခဲ့ဘူးသောဟာသများဖြစ်နေခဲ့ရင်တော့ သည်းခံခွင့်လွှတ်ပေးကြပါဗျာ.. ”
***********************************************************************
Wednesday, October 16, 2013
ပေါက်တက်ကရတွေ
၁။ ကောင်မလေး။ ။ ရှင် ကျွန်မတစ်ယောက်တည်းကို ချစ်တာသေချာလား..
ကောင်လေး။ ။ သေချာပါတယ်ကွာ.. ကိုယ်မနေ့ကဘဲ ကိုယ့်ရည်းစားစာရင်းကို သေချာ
ပြန်စစ်ကြည့်ပြီးပြီ..
၂။ ဆရာမ။ ။ ကိုယ်ပြောနေတာကို စိတ်ဝင်စားမှန်းမသိ၊ မ၀င်စားမှန်းမသိဘဲ
စကားတွေဇွတ်ပြီး ပြောနေတဲ့သူမျိုးကို ဘယ်လိုခေါ်လဲ ?
ကျောင်းသား။ ။ ဆရာမလို့ခေါ်ပါတယ်..
၃။ စားပွဲထိုး။ ။ ဆရာ ကော်ဖီက ဘလက်ကော်ဖီဘဲ ယူမှားလားခင်ဗျာ
စားသုံးသူ။ ။ မင်းတို့ဆိုင်မှာ ကော်ဖီကဘာအရောင်နဲ့များရသေးလို့လဲ?
၎။ ကောင်လေး။ ။ ကိုယ်မင်းလက်ကလေးကို ကိုင်ထားပါရစေ။
ကောင်မလေး။ ။ နေပါစေ ကျွန်မလက်က ဒီလောက်မလေးပါဘူး..
၅။ တရားဟောဆရာ။ ။ ဆမ်.. ငါ့ကို အမှန်အတိုင်းပြောစမ်း. . . မင်းဟာထမင်းမစားခင်မှာ
ဆုတောင်းလား. မတောင်းဘူးလား?
ဆမ်။ ။ ဆုတောင်းဖို့ မလိုပါဘူးခင်ဗျာ.. ကျွန်တော့်အမေက ဟင်းချက်ကောင်းပါတယ်…
၆။ ဆရာမ။ ။ ကဲ တစ်ထပ်တည်းကျတဲ့ တိုက်ဆိုင်မှု တစ်ခုခုကို နမူနာ ပြောပြ
စမ်းပါဦးကွယ်..
ကျောင်းသား။ ။ ကျွန်တော့်အဖေနဲ့ အမေဟာတစ်ချိန်တည်း တစ်နေရာတည်းမှာ
မင်္ဂလာဆောင်ခဲ့ပါတယ် ဆရာမ....
၇။ ဆရာ။ ။ ဂျော့ခ်ျဝါရှင်တန်ဟာ ခွင့်ပြုချက်မရဘဲ သူ့အဖေ သိပ်နှစ်သက်တဲ့
ချယ်ရီပင်လေးကို ပုဆိန်နဲ့ ခုတ်လှဲပစ်လိုက်တယ်.. ဒါပေမဲ့ သူ့အဖေက
သူ့ကိုအပြစ်မပေးခဲ့ဘူး.. အဲဒါဘာကြောင့်လဲဆိုတာ ဘယ်သူသိလဲ?
ကျောင်းသား။ ။ သူ့လက်ထဲမှာ ပုဆိန် ကိုင်ထားဆဲဖြစ်လို့ပါဆရာ
၈။ ဆရာမ။ ။ နေနဲ့လ ဘယ်ဟာက ပိုပြီး တို့တွေအတွက် အရေးကြီးတယ် ထင်သလဲ
ကျောင်းသား။ ။ လပါဆရာမ
ဆရာမ။ ။ ဘာဖြစ်လို့လက ပိုအရေးကြီးတာလဲ?
ကျောင်းသား။ ။ လက ကျွန်တော်တို့အလင်းရောင် လိုအပ်နေတဲ့ညမှ ပေါ်လာပြီးတော့
နေကတော့ အလင်းရောင်မလိုအပ်တဲ့ နေ့လည်မှ ပေါ်လာလို့ပါ။
၉။ ဆရာမ။ ။ ဆမ် မင်းဟာတော်တော်ကို စကားများပါလား
ဆမ်။ ။ ကျွန်တော်တို့မျိုးရိုးက စကားများတဲ့မျိုးရိုးမို့ပါ
ဆရာမ။ ။ ပြောစမ်းပါဦး မင်းတို့မျိုးရိုးကဘာတွေမို့လဲ
ဆမ်။ ။ ကျွန်တော့်အဖိုးက နိုင်ငံရေးတရားဟောတဲ့သူ၊ ကျွန်တော့်အဖေကတော့
ကျောင်းဆရာ
ဆရာမ။ ။ မင်းအမေကရော
ဆမ်။ ။ ကျွန်တော့်အမေက မိန်းမ တစ်ယောက်ဖြစ်လို့ပါ..
ဆွေမျိုး
''ရဲဘော်တို့ တပ်မတော်ဟာ ငါတို့ရဲ့မိခင်ပဲဖြစ်တယ်၊တပ်သားမောင်မြ တပ်မတော်ဟာ မင်းရဲ့ဘာလဲ''
''ကျွန်တော့် မိခင်ပါ'' ''ဟုတ်တ%
=== သိကြားမင်းကြီးထံသို့ ( ဟာသ ) ===
********************************
တစ်ခါတုန်းကပေါ့ဗျာ...
ရွာကြီးတစ်ရွာမှာ ငပေဆိုတဲ့လူတစ်ရောက်ရှိတယ်ဗျ...
ငပေကအရမ်းဆင်းရဲတယ် မိဘလဲမရှိ ဆွေမျိုးလဲမရှိ ဇနီးမယားသားသမီးလဲမရှိဘူးဗျ...
ရပ်ထဲရွာထဲ ကြုံရာအလုပ်ကိုလုပ်ရင်း ဝမ်းရေးအတွက်ဖြေရှင်းနေရတဲ့ သူပေါ့...
တစ်နေ့တော့ ငပေတစ်ရောက် ကျန်းမာရေးမကောင်းဘူး အလုပ်လဲမလုပ်နိုင်ရှာဘူးလေ...
တစ်နေ့စာ တစ်နေ့မနဲ့ရှာစားနေရတဲ့သူဆိုတော့ သူလဲကျန်းမာရေးမကောင်းရော
ငပေဒုက္ခရောက်တော့တာပေါ့ ဆေးကုဘို့လဲမရှိ စားဘို့လဲမရှိနဲ့ ငပေဘာလုပ်ရမှန်းမသိ
ဖြစ်နေတာပေါ့ဗျာ...။
ဒီတော့ ငပေစဉ်းစားတယ် “ ငါဘယ်လိုလုပ်ရပါ့မလဲ ဒီအတိုင်းနေကြာရင် ငါသေသွားနိုင်တယ်
ငါတစ်ခုခုတော့လုပ်မှဖြစ်မယ် ” ငပေစဉ်းစားတယ် ဒါပင်မဲ့အကြံကလဲထွက်မလာဘူး။..
ညညလဲအိပ်မရ နေ့ခင်းလဲအလုပ်မလုပ်နိုင် ငပေတစ်ရောက် ဒုက္ခတွေအကြီးအကြယ်ရောက်
နေတာပေါ့။
အဲလိုနဲ့ ငပေစဉ်းစားရင်း တစ်နေ့တော့ အကြံတစ်ခုရရောဗျ ...
သူရတဲ့အကြံက လူကြီးသူမတွေပြောတဲ့စကား သူကြားဘူးထားတာရှိတယ်လေ...
“ လူခံတွင်းဆိုတာ လူထွင်းတဲ့ခံတွင်းမဟုတ်ဘူး နတ်ထွင်းတဲ့ခံတွင်း
ဘယ်တော့မှငတ်ပြီး မသေနိုင်ဘူး လိုအပ်ရင်နတ်တွေသာ တိုင်တည်လိုက်
နတ်တွေက အကူအညီပေးတက်တယ် ” လူကြီးတွေကတော့ဘယ်လိုပြောတယ်မသိဘူးပေါ့ဗျာ
ငပေကတော့ နားစွန်နားဖြားကြားတာ ခုမှသူသတိရတယ် ဒုက္ခရောက်လာတော့လဲ
တွယ်မိတွယ်ရာဆိုတာလိုပေါ့ဗျာ...။
ဒါနဲ့... ငပေသူလုပ်ငန်းကိုစပါတော့တယ် သူစဉ်းစားတာကတော့ ( နည်းလိုချင်မှတ်ထားကြနော်)
“ ငါအခုဒုက္ခရောက်နေတယ်.. ငါ့ကိုကယ်နိုင်တာဆိုလို့ နတ်တွေ သိကြားတွေဘဲရှိတယ် ဒီတော့
နတ်တွေထဲမှာလဲ သိကြားမင်းက အကြီးဆုံးလို့ပြောကြတယ် ဒီတော့ငါ အခုငါဒုက္ခရောက်နေ
တာ သိကြားမင်းဆီအကူအညီတောင်းရမယ်...အင်းးး...ဟုတ်တယ်...
ပြောနေကြာတယ် ခုပဲအကူအညီတောင်းမယ်ကွာ ” ဆိုပြီးစဉ်းစားတယ်....။
ဒါပင်မဲ့ ငပေဘယ်လိုလုပ်ရမှန်းမသိဘူးလေ ဒါနဲ့ထပ်စဉ်းစားပြန်တယ် ....။
“ အကူအညီတောင်းတာတော့ ဟုတ်ပါပြီ ငါဘယ်လိုတောင်းရပါ့ ”
အဲဒိလိုစဉ်းစားရင်း သူအကြံတစ်ခုရသွားတယ် “ ရွာထဲက ဦးသာလှဆိုရင် သူငွေပြတ်ရင်
မြို့ကသူသားတွေ သမီးတွေဆီစာရေးပြီး လှမ်းတောင်းလေ့ရှိတယ် ဟုတ်ပြီ....ငါလဲသိကြားမင်းဆီ
စာရေးပြီး အကူအညီတောင်းမယ် ”...
အဲ့ဒိမှာ ငပေဟာသူအကြံကိုအကောင်အထည်ဖေါ်ပါတော့တယ် ငယ်ငယ် ရေးတက်ဖက်တက်လောက်
တော့ သူလဲသင်ထားဘူးတယ်ဗျ ရွာဦးကျောင်းမှာလေ ( ကျွန်တော်လိုပေါ့ဗျာ ဟိဟိကြုံတုန်းဝင်
ကြွားခြင်းဖြစ်သည် ) ဒါနဲ့ငပေ စာရေးပါတော့တယ် စာလဲရေးပြီးရော စာအိပ်မှာ...
သိကြားမင်းကြီးထံသို့လို့ လိပ်မူပြီး မြို့ကိုတက် စာတိုက်ကိုသွားပြီး ထည်လိုက်ပါတော့တယ်။...
. အဲ.... အဲဒိမှာပြဿနာတက်တာက စာပို့သမားဗျ သူကစာတွေ စာတိုက်ပုံးဆီလာလဲထုပ်ရော
စာတွေ အားလုံးကသူလိပ်စာနဲ့သူ အသီးသီးပါပြီးသားလေ ဒါပင်မဲ့ ငပေစာကထူခြားနေတယ်
သိကြားမင်းကြီးထံသို့ ဆိုတော့ စာပို့သမားဘာလုပ်ရမှန်းမသိဘူးဖြစ်သွားတယ်...။
တဖက်ကကြည့်ပြန်တော့လဲပြန်ပို့ရမယ်လိပ်စာက မပါ ဒီတော့စာပို့သမားက ကဲမထူးပါဘူး..
အထဲထဲ ဖောက်ကြည့်ရင်တော့ လိပ်စာတွေ့နိုင်ကောင်းပါတယ် လိပ်စာတွေ့ရင်ပြန်ပို့ရအောင်
ဆိုပြီး စာကိုဖောက်လိုက်ပါတော့တယ် စာအိပ်ဖောက်ပြီး ဖက်လိုက်တယ်ဆိုရင်ပဲ..။
ငပေရေးထားတာကတော့....။
သိကြားမင်းကြီးခင်ဗျာ.....
ကျွန်တော်ငပေဒုက္ခရောက်နေပါတယ် ကျွန်တော်မှာမိဘလဲမရှိ ဆွေမျိုးလဲမရှိ သားသမီးလဲမရှိဆိုတော့ကျွန်တော်တစ်ရောက်ထဲကျန်းမာရေးကလဲမကောင်းပါဘူးခင်ဗျာ
ဒုက္ခတွေအကြီးအကျယ်ရောက်နေပါတယ်သို့ပါသောကြောင့် အရှင်သိကြားမင်းအနေနဲ့
ကျွန်တော်ကိုကူညီသောအား သနားသောအားဖြ**့ ငွေ (၅၀)လောက်ပို့ပေးပါဗျာ
( အဲဒိခေတ်တုန်းက ငွေ(၅၀) တော်တော်တန်းဖိုးရှိတယ်ပြောတယ်ဗျ)
သိကြားမင်းကြီး ကူညီပေးတော်မူပါ
ပုံ.....ငပေ
...............ကျေးရွာ..............မြို့နယ်
............တိုင်း
စာပို့သမားလဲ စာကိုဖက်ပြီးအကြံတော်တော်အိုက်သွားတယ် သူဘာလုပ်ရမှန်းမသိဘူးဖြစ်သွား
နောက်သူစဉ်းစားတယ် “ အင်း.......သူခမျာတော်တော်ဒုက္ခရောက်နေပုံရတယ်
ကူညီလိုက်မယ်ဆိုရင် ငါလဲကုသိုလ်ရတယ် ငါလဲတစ်ရောက်ထဲသမားကိုယ်ချင်းစားတယ်
ဒိတော့ငါသူ့ကိုကူညီလိုက်မယ် ဒါပင်မဲ့ အကုန်လုံးတော့ငါလဲမတက်နိုင်ဘူး ဒိတော့...
ငါတက်နိုင်သလောက်ကူညီလိုက်မယ် ” ဆိုပြီးတော့..
သူကူညီလိုက်ရင် ပြီးသွားမယ်ထင်တာနဲ့ စာတွေဘာတွေရေးမနေပဲနဲ့
စာပို့သမားဟာ သနားတာနဲ့ စာအိပ်ထဲပိုက်ဆံထည့်ပြီး လူကြုံရှာပြီး ပြန်ပို့ပေးလိုက်ပါတယ်..
ဒါပင်မဲ့...ဒီပြဿနာက ဒီတွင်မရပ်သွားဘူးဗျ...
နောက်တစ်ပတ်လောက်နေတော့ စာတိုက်ထဲကို ငပေဆီကစာ နောက်တစ်စောင်ထပ်ရောက်နေ
ပါလေရော..။ စာပို့သမားလဲအံ့သြသွားတယ် ဒါနဲ့ အရင်လိုပဲစာကိုဖောက်ဖက်လိုက်ပါတယ်...။
ငပေထပ်ရေးပေးလိုက်ပြီး ပို့လိုက်တာကတော့
သိကြားမင်းကြီးခင်ဗျား.............
သိကြားမင်းကြီးဟာ ဒုက္ခရောက်သူတွေကို ကူညီတယ်ဆိုတာ
အခုတော့ကျွန်တော်ငပေသိလိုက်ရပါတယ် သိကြားမင်းကြီး
ကိုကျေးဇူးတင်ပါတယ် ဒါပင်မဲ့သိကြားမင်းကြီးရယ်..
သိကြားမင်းကြီးကသာ အကူအညီပေးတာလူတွေကမရိုးသားဘူးဗျ
သိကြားမင်းကြီးပို့လိုက်တဲ့ ပိုက်ဆံ ၅၀ ကျွန်တော်ဆီအကုန်မရောက်ပါဘူးခင်ဗျ ကြည့်ရတာတော့ စာပို့သမားဟာ ၂၅ ကျပ်ဖြတ်သုံးထားပုံရပါတယ်
ဒါကြောင့် သိကြားမင်းကြီးအနေနဲ့ ထပ်ပြီးကူညီနိုင်မယ်ဆိုရင်
ကျွန်တော်ငပေဆီကို နောက်ထပ် ငွေ ၂၅ ကျပ်ထပ်ပို့ပေးစေချင်ပါတယ်
သိကြားမင်းကြီးအားလဲ အထူးကျေးဇူးတင်ရှိပါကြောင်း....။
သိကြားမင်းကြီးထပ်ပို့မယ်ငွေအား ကျွန်တော်မျိုးမျှော်နေပါ့မယ်...
ငပေ....
...........ရွာ...............မြို့နယ်
............တိုင်း
စာလဲဖက်ပြီးရော စာပို့သမားဟာ ကိုယ့်နဖူးကိုယ်ရိုက်ပြီး ဟိုက်ဆိုဖြစ်သွားပါတော့တယ်...
ဒါပင်မဲ့ ထပ်ပြီးတော့သူမကူညီတော့ပါဘူး ...။
ငပေကတော့ ငွေမရောက်လို့ဆိုပြီး သိကြားမင်းကြီးထံသို့လို့လိမ်မူပြီး စာတွေပို့မြဲပါ...။
စာပို့သမားကတော့ ငပေစာဆိုရင် ယောင်လို့တောင်ဖေါက်မကြည့်တော့ဘူးတဲ့....။
“ သူငယ်ချင်းတို့ဒီဟာသပို့စ်ကိုဖက်ပြီး ဘဝအမောများပြေပျောက်ပါစေဗျာ...”
``` သူငယ်ချင်းတို့ရေ ယခုဟာသလေးကိုဖက်ပြီး ဟာသအမြင်ရော အတွေးတစ်တခုခုပါ
သူငယ်ချင်းတို့တွေးမိလိုက်မယ် ကျွန်တော်ယုံကြည်ပါတယ်´´´
( ကိုယ်တိုင်တွေး၍ ရေးထားပါသည် အမှားပါရင်ခွင့်လွှတ်ပေးကြပါရန် )
**********************************************************************
ဒီတသက်တော့ ကလေးအဖေ မဖြစ်နိုင်တော့ဘူး
စားသောက်ဆိုင် တစ်ဆိုင်တွင်ဖြစ်သည် ဂျပန် ဆာမူရိုင်: ၃ ယောက် တစ်ဝိုင်းထဲ ထိုင်ပြီ: စားသောက်နေကြသည် ။
စားသောက်နေတုန်း ယင်ကောင် တစ်ကောင်က စားပွဲဝိုင်းပေါ်ဖြတ်ပျံ သွားသည်။
ဆာမူရိုင်: တစ်ရောက်က သူ.ဓါး ကို ဖျတ်ခနဲ ဆွဲထုတ်ပြီး ယင်ကောင် ကိုခုတ်ချလိုက်သည်။
ယင်ကောင် ၂ ပိုင်းပြတ်ပီး ကျလာသည် ။ ဆိုင်ထဲကလူတွေအားလုံး အံ့အားသင့် ကုန်သည်။
(ဆာမူရိုင်: ဆိုတာမျိုးက ဓါးခုတ်အင်မတန်မြန် သကိုး ။ )
အဲ့ဒီအချိန်မှာပဲ ယင်ကောင် နောက်တစ်ကောင်က ပျံ လာပြန်သည် ။ ဒုတိယ ဆာမူရိုင်: ကလည်း အားကျမခံ ဓါးကို ဆွဲထုတ်ပြီး ယင်ကောင် ကိုခုတ်ချလိုက် သည်။ ယင်ကောင် ၄ ပိုင်းပြတ်ြပီးကျလာသည် ။ လူတွေလည်းပါးစပ်အဟောင်း သားဖြစ်ကုန်သည်။
ခဏကြာတော့ ကံဆိုးသူမောင်ရှင်…. နောက်ထက်ယင်ကောင် တစ်ကောင်ပျံသန်းလာပြန်သည်။ ပရိတ်သတ်တွေလည်း
တတိယ ဆာမူရိုင်: ဘာလုပ်ပြဦးမလဲဆိုတာ အင်မတန်စိတ် ဝင်စားနေကြပြီ။ တတိယ ဆာမူရိုင်: က သူ.ဓါးကို ဖျတ်ဆို ဆွဲထုတ် ပြီး ဓါးအိမ်ထဲ ပြန်ထည့်လိုက်သည်။ ( မြန်လွန်းလို့ ခုတ်လိုက်တာတောင်မမြင်လိုက်ရဘူး ။)
လူတွေလည်း စိတ်ဝင်တစားနဲ့ ယင်ကောင် ကိုလိုက်ကြည်တော့ ကိုရွှေယင်ကောင်က ဟန်မပျက် ဆက်ပျံ နေသည်။့ လူတွေကစိတ်ဓာတ်ကျသွားသည် ။ အဲ့ဒီအချိန်မှာ တတိယဆာမူရိုင်: ပြောလိုက်သည့် စကားကြောင်. ပရိတ်သတ် ကြီး ဘာပြောရမှန်းမသိဖြစ်ကုန်ကြသည် ။ တတိယဆာမူရိုင်: က
“ ဒီကောင် ပျံ တာတော့ ပျံ နိုင် ပါတယ် ..ဒါပေမယ့် ဒီတသက်တော့ ကလေးအဖေ မဖြစ်နိုင်တော့ဘူး” :D
ဒါမျိုးသောက်ချင်ရင် ဒီလိုလုပ်
စားသောက်ဆိုင်တစ်ခုတွင်ဖြစ်သည်-
စားသုံးသူ- "ဟေ့ဝိတ်တာ..ဟောဟိုစားပွဲပေါ်ကပုဂ္ဂိုလ်ကြီးသုံးဆောင်နေတဲ့ အရက်မျိုးငါသောက်ချင်တယ်ကွာ.."
စားပွဲထိုး - "ရပါတယ်ဆရာ..တယ်လီဖုန်းလာနေတယ်ဆိုပြီး သူ့ကိုကျွန်တော်ပထုတ်သွားမယ်..
အရိပ်အခြေကြည့်ပြီး ဆရာလှုပ်ရှားပေတော့" :D
~ ဒီအတိုင်းပါပဲ
မိမိထက် များစွာ ငယ်ရွယ်သော မိန်းမတယောက်ကို လက်ထပ်ယူထားသည့် အသက် ၉၃ နှစ်အရွယ်ရှိ အဘိုးအိုတယောက်သည်သူ၏ ဆရာဝန်ထံ ရောက်လာပြီး သူတို့ကလေးရတော့မည့်အကြာာင်း ပြောပြလေသည်။
ထိုအခါ ဆရာဝန်က ပြန်ပြောပြသည်။
'ကျွန်တော် ပုံပြင်ကလေးတပုဒ် ပြောပါရစေ၊ တခါတုန်းက အလွန်သတိမေ့တတ်တဲ့ လူတယောက်ဟာ
အမဲလိုက်ထွက်ပါတယ်၊ သေနတ်ကို ယူရမယ့်အစား ထီးတလက်ပဲ ယူသွားပါတယ်၊ တောထဲမှာ ဗြုန်းခနဲ ခြင်္သေ့တကောင်နဲ့ပက်ပင်းတိုးမိတော့ သူက လက်ထဲမှာပါတဲ့ ထီးနဲ့ ထိုးချိန်လိုက်ပြီး ပစ်ချလိုက်တယ်တဲ့၊
အဲဒီမှာ ခြင်္သေ့ကြီးလည်း တုန်းခနဲ လဲကျသေဆုံးသွားပါရော'
'ဟာ မဟုတ်တာကွ၊ လုံးဝကို မဖြစ်နိုင်ဘူး၊ တယောက်ယောက်က ဝင်ပြီး ပစ်လိုက်လို့ နေမှာပေါ့'
'အခုလဲ ဒီအတိုင်းပါပဲခင်ဗျာ
ပလုံ
ဒေါ်ထိပ်ထားခင်က စည်းကမ်းသိပ်ကြီးတယ်..ညစာစားဖို့စားပွဲထိုင်ပြီးကြပြီဆိုတာနဲ့ဘာစကားမှမပြောရဘူး..
တစ်ရက်မှာညစာစားဖို့စားပွဲထိုင်နေကြတုန်း ရေးကြီးသုတ်ပြာနဲ့သားကြီးရောက်လာတယ်..ပြီးတော့…..
'''အမေ'''
''စကားမပြောရဘူးဆိုတာမသိဘူးလား.. ဟိုဘက်မှာထိုင်ပါ..''
'''ဟို..ကျွန်တော်..'''
''ပြောစရာရှိရင်စားပြီးမှပြောလို့ပြောထားတယ်လေ..''
ဒီလိုနဲ့ထမင်းစားပြီးကြတော့
''ကဲပြောဘာလဲ''
'''ညီမလေးရေတွင်းထဲကျသွားလို့…'''
အိပ်မက်မက်တယ်
ပထမလူ။ ။ ဟေ့သူငယ်ချင်းရေ ... ညက ငါ့အိပ်မက်ထဲမှာကွာ၊ မင်းက ချီးတွင်းကြီးထဲ ပြုတ်ကျသွားတယ်။ ငါကတော့ အချိုသကာတွေ၊ မလိုင်တွေအပြည့်ရှိတဲ့တွင်းကြီးထဲ ပြုတ်ကျသွားတယ်ဟေ့။
ဒုတိယလူ။ ။ အေးဟုတ်တယ်။ အဲဒီအိပ်မက် ငါလည်းမက်တယ်။ ပြီးတော့ ငါ့တို့ ၂ ယောက် တွင်းအပေါ်တက်ပြီးတော့ တစ်ယောက်ကိုယ်ကို တစ်ယောက် လျှာနဲ့လျက်ကြတယ်လေ။
ဖိုင်နယ်မေးခွန်း
တစ်ခါတုန်းက တက္ကသိုလ်တစ်ခုမှာပေါ့ဗျာ စာအလွန်တော်တဲ့ ကျောင်းသား လေးယောက်ရှိသတဲ့။ သူတို့က စာကလည်းတော်တယ်ဆိုတော့ အမှတ်တွေကလည်း ပျံလန်နေတာပေါ့။ ပထမအစမ်းစာမေးပွဲတို့၊ ဒုတိယအစမ်းစာမေးပွဲတို့မှာလည်း အမှတ်တွေက ထိပ်ဆုံးကပေါ့။ ဖိုင်နယ် စာမေးပွဲမှာ တော်ရုံတန်ရုံဖြေနိုင်ရင်ကို ဂရိတ်အေ ရဖို့က သေချာနေပြီပေါ့။
ဆိုတော့ကာ သူတို့လေးယောက်က ဖိုင်နယ်စာမေးပွဲအတွက် သိပ်စိတ်မပူကြဘူးပေါ့။ ဖိုင်နယ်ဖြေခါနီးတစ်ပတ်အလိုမှာ သူများတွေ စာတွေကုန်းကျက်နေတုန်း သူတို့လေးယောက်က အပျော်ခရီးထွက်ကြသတဲ့။ ဖိုင်နယ်စာမေးပွဲ မတိုင်ခင်တစ်ညကျမှ ခရီးက ပြန်လာကြသတဲ့။ ပြန်လာတော့လည်း အရက်တွေသောက်ပျော်ပါးကြတာ နောက်နေ့စာမေးပွဲဖြေခါနီးအချိန်ရောက်တော့ အကုန်လုံးခေါင်းတွေကိုက်ပြီး ဒုက္ခဖြစ်နေကြတာပေါ့။
ဒါနဲ့သူတို့လည်း တိုင်ပင်ကြတာပေါ့။ အေး ငါတို့သွားမဖြေဘဲနဲ့ နောက်နေ့ကျမှ ဆရာကို သွားပြောကြတာပေါ့။ ငါတို့ ခရီးကအပြန် ကားဘီးပေါက်ပြီးစာမေးပွဲဖြေချိန် အမီပြန်မရောက်လို့ပါ။ ငါတို့ကို မိတ်ကပ်ဖိုင်နယ်စာမေးပွဲ(အကြောင်းကြောင်းကြောင့် အစားထိုး စစ်ပေးသောစာမေးပွဲ) ပြန်စစ်ပေးပါဆိုပြီး သွားပြောမယ်ပေါ့။ အဲလို တိုင်ပင်ပြီးတော့ စာမေးပွဲမဖြေဘဲဆက်အိပ်ကြသတဲ့။
နောက်နေ့ကျတော့မှ သူတို့လေးယောက်လည်း ဆရာ့ဆီသွားပြီး ငိုပြကြတာပေါ့။ ဆရာရယ်ပေါ့ ကျွန်တော်တို့ ခရီးထွက်တာ အပြန်မှာ ကားဘီးပေါက်လို့ အချိန်မီ ပြန်မရောက်တာနဲ့ မဖြေလိုက်ရပါဘူးပေါ့။ ကျွန်တော်တို့ကို မိတ်ကပ်ဖိုင်နယ် စာမေးပွဲ ဖြေခွင့်ပြုပါပေါ့။ ဆရာကလည်း ဒီကောင်တွေကို သိနေတာကိုး။ စာတော်တဲ့ကောင်တွေဆိုတော့။ ဆရာက ခဏစဉ်းစားပြီးတော့ ဘာမှမမေးဘဲနဲ့ အေးအေး တပည့်တို့ မနက်ဖြန်ကျရင် မိတ်ကပ်စာမေးပွဲ လာဖြေလေကွယ် ဆိုပြီး ရက်ချိန်းပေးလိုက်သတဲ့။ အဲဒါနဲ့ လေးယောက်သား ပျော်ပြီး ပြန်လာကြတာပေါ့။
တစ်ညနေလုံး၊ တစ်ညလုံးစာတွေကျက်ပြီး ရယ်ဒီပေါ့ဗျာ နောက်နေ့မနက်ကျတော့။ ချိန်းထားတဲ့အချိန်ရောက်တော့ ဆရာ့ဆီလည်းရောက်ရော ဆရာက သြော် မင်းတို့ မိတ်ကပ်စာမေးပွဲ ဖြေဖို့လာကြတာလား လာကြ၊ လာကြ ဆိုပြီး သူတို့လေးယောက်ကို အခန်းလေးခန်းထဲမှာ ခွဲထည့်လိုက်ပြီး မိတ်ကပ်စာမေးပွဲမေးခွန်းနဲ့ အဖြေလွှာစာရွက်ကို ပေးသတဲ့။ ဒီမောင်တွေကလည်း စာကရပြီးသားဆိုတော့ အေးဆေးပေါ့။ မေးခွန်းကို စကြည့်လိုက်တော့ ပထမဆုံးမေးခွန်းက ၅ မှတ်တန်ပေါ့။ လွယ်လွယ်လေးပါပဲ။ ၄ ယောက်လုံးပြုံးပြုံး ပြုံးပြုံးပေါ့ သူတို့ သက်ဆိုင်ရာအခန်းထဲမှာလွယ်လွယ်ကူကူဖြေနိုင်တာပဲ။ ဒုတိယ မေးခွန်းကို လှန်လိုက်တော့မှပဲ သူတို့ ချွေးပြန်တော့တာပဲ။ ဒုတိယမေးခွန်းက ဒီလိုလေ။
မေးခွန်း(၂) သင်တို့ အပြန်တွင် ကားဘီးပေါက်ရာ၌ ပေါက်သောကားဘီးသည် ကား၏ မည်သည့်ဘီး ဖြစ်သနည်း။ (၉၅ မှတ်)
(ကိုဒုက္ခပြောပြသည်)
ပိုတောင်ဆိုးသေးတယ်
အမျိုးသမီးနှစ်ယောက်ဟာ ညဘက်အပြင်ထွက်ပြီးတော့....ညစာသွားစားကြပါတယ်..
ပြီးတော့...အရက်မူးကို မူးအောင်သောက်ကြပြီးတော့..အိမ်ပြန်လာခဲ့ကြပါတယ်..
ဒီလိုနဲ့...အိမ်အပြန်လမ်းမှာ....ပြဿနာတက်ပါလေရော...ရုတ်တရက် အိမ်သာတက်ချင်လာတဲ့ပြသနာပါ..
ခက်တာက..သူတို့ ရောက်နေတဲ့ နေရာဝန်းကျင်ကို ကြည့်လိုက်တော့....ဘုရား..ဘုရား..သင်္ချိုင်းကုန်းနားမှာဖြစ်နေတယ်။
ဒီတော့..မကြောက်တတ်တဲ့ တစ်ယောက်က ဒီလိုအကြံပေးတယ်။
အုတ်ဂူတစ်ခုခုရဲ့ အနောက်မှာ တို့ ရဲ့ ပြဿနာကိုဖြေရှင်းလိုက်ကြရအောင်တဲ့။
ဒီလိုနဲ့ .....သူတို့ရဲ့ကိစ္စကိုဖြေရှင်းကြတဲ့အခါမှာ..
ပထမဆုံးအမျိုးသမီးမှာ သန့် စင်ဖို့ ဘာမှမပါခဲ့တော့......သူမရဲ့ အတွင်းခံကိုချွတ်ပြီးတောသန့် စင်လိုက်တယ် ပြီးတော့..လွှင့်ပစ်လိုက်တယ်
နောက်တစ်ယောက်ကျတော့....အတွင်းခံကအရမ်းဈေးကြီးနေတော့...လွှင့်မပစ်ရက်ဘူး....ဒီတော့ဘေးဘီဝဲယာကိုကြည့်တယ်
လွမ်းသူ့ ပန်းခွေက ဖဲကြိုးလေးကိုတွေ့ တော့ အတိုင်းမသိပျော်သွားတယ်.. ကယ်တင်ရှင်ဖဲကြိုးလေးနဲ့ ကိစ္စရှင်းပြီးတဲ့အခါမှာတော့.....နှစ်ယောက်သား...အိမ်ကိုပြန်လာခဲ့ကြပါတယ်...
နောက်တစ်နေ့ မှာတော့..
ပထမအမျိုးသမီးရဲ့ ယောကျာင်္းက...ဒုတိယအမျိုးသမီးရဲ့ ယောကျာင်္းဆီကိုဖုန်းဆက်ပြီးတော့..တိုင်တယ်။
.."""တို့ မိန်းမတွေညဘက်အပြင်ထွက်တာကို....တားဆီးမှရတော့မယ်ထင်တယ်။ ဘာလို့ လဲဆိုတော့..
ငါ့မိန်းမ...မနေ့ ညက...အိမ်ပြန်လာတော့...အတွင်းခံဘောင်းဘီပါမလာခဲ့ဘူး...""""
ဒီတော့...ဟိုဘက်ကယောကျာင်္းကလည်း ဒီလိုပြန်ပြောတယ်။
.."""အေး...ငါ့မိန်းမက...ပိုတောင်ဆိုးသေးတယ်။
သူမရဲ့ အတွင်းခံဘောင်းဘီမှာ...
ကဒ်ပြားလေးတစ်ခုတောင်ချိတ်ပေးလိုက်သေးတယ်....
ကဒ်ပြားမှာ အမှတ်တရစာလေးတောင်ပါလိုက်သေး....
( သင့်ကိုကျနော်တို့ ဘယ်တော့မှမမေ့နိုင်ပါဘူး။ .....မီးသတ်တပ်ဖွဲ့ တဲ့ )..ဟိဟိ
` ကဲကြည့်ချင်အုန်းဟ´´´
` ကဲကြည့်ချင်အုန်းဟ´´´
ရန်ကုန်မြို့အတွင်း ပြေးဆွဲသည့် ဘစ်စ်ကားတစ် စီးပေါ်တွင်ဖြစ်၏။
အဘိုးကြီးတဦး ၏ ရှေ့ တွင် အမျိုးသမီးငယ်တစ်ဦးသည် လှပသော မိမိ၏ ခြေထောက်နှစ် ဘက်ကို အဘိုးကြီးမြင်သာအောင်တမင်ထိုင်နေ၏။
ထိုအခါ အဘိုးကြီးမှ ခပ်တိုးတိုးလေသံဖြ**့......
" ကလေးမ....မင်းရဲ့ စကတ်တိုကို ဒီထက် မြင့်မြင့် လေး မ တင်ပေးမယ်ဆိုရင် ငွေတစ်သောင်းပေးမယ်....."
အမျီုးသမီးငယ် က စကပ်ကို မ တင်ပေးလိုက်သည်။
ငွေတစ်သောင်းကိုလည်း တဆက်တည်း တောင်း ယူလိုက်၏။
ထို့နောက် မျက်နှာ ကို ခပ်ပြုံပြုံး လေးလုပ်ပီး အမျီုးသမီးမှ အဖိုးကြီးဆီသို့ ဆက်ပြော၏။
" အန်လ်ကယ် နောက်တစ်သောင်း ထပ်ပေးရင် ကျမ အူအတက် ပေါက် လို့ ခွဲစိတ်တဲ့ နေရာကိုပြမယ်.."
အဘိုးကြီး လည်း ၀မ်းသာအားရ ငွေတစ်သောင်း အမြန် ထပ်ပေးလိုက်၏။
ထိုအခါ အမျိုးသမီးငယ်သည် .. ဘတ်စ် ကားပေါ်မှနေ၍ အဆောက်အဦးတခုသို့ လက်ညှိးညွှန်ပြလေ၏။
အဘိုးကြီးလည်း ကောင်မလေး ညွှန်ပြသော အဆောက်အဦးသို့လှမ်း ကြည့်လိုက်သည်။
ထိုအဆောက်အဦးကား........ရန်ကုန်ပြည့်သူ့ဆေးရုံကြီး.......ပေတည်း။
=====================================================
*****************************************************
``` သင့်ရဲ့ကွန်မန့်တစ်ချက်ဟာကျွန်တော်အတွက်အားကိုဖြစ်စေပါတယ် ခင်တတ်တဲ့လင်းလက်
Subscribe to:
Posts (Atom)